စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၁၁)
@@@@@@@@@@@@@@@@@@@@
ကျိုးရင်း နတ်ဘုရားမ အိပ်ပျော်ပြီး နှစ်တစ်ရာ ကြာပြီးသော အချိန်ကာလတွင်၊
"နတ်နယ်မြေငါးခု တိုက်ပွဲ"
ကောင်းကင်တွင် နတ်နယ်မြေငါးခု ခွဲခြားထားသည့်အနက် အင်အားအကြီးဆုံး သန့်စင်နတ်စွမ်း အမြင့်ဆုံး ဖြစ်ပြီး နတ်ဒေသနယ်မြေငါးခုနှင့် သေမျိုးနယ်မြေ အပါအဝင်ပင်လယ်ရှစ်ခုအား အစိုးရသော ကောင်းကင်နန်းတော်အား တခြားသော နတ်နယ်မြေ နှစ်ခုမှ ပုန်ကန် ခြားနားသောနေ့၊ ကောင်းကင်နတ်မင်းကြီး၏ တစ်ဦးတည်းသော သမီးတော် နတ်မင်းသမီး ချင်းလီ သည် ကိုယ်လေး လက်ဝန်ဖြင့် ကလေးမွေးရန် တစ်ရက်သာ လိုတော့သော အချိန်ကျရောက်နေပြီး ကောင်းကင် တစ်ခုလုံးသည်လည်း တိုက်ပွဲသံများဖြင့် ဆူညံနေ၏။
ကောင်းကင် နတ်ပြည်၏ အိမ်ရှေ့စံ ပဋိသန္ဓေစပြီး တည်ပြီ ဆိုကတည်းက နတ်စွမ်းအား မြင့်မားသော နတ်တွေအားလုံးသည် တူညီသော အိပ်မက် တစ်ခုတည်းကို တစ်ပြိုင်နက် မြင်မက်ကြ၏။ ထို့ကြောင့် ယခုမွေးဖွားလာမည့် အိမ်ရှေ့မင်းသားသည် ဘုန်းကံမြင့်မားသော နတ်ဖြစ်မည်ကို သိရှိကြပြီး နတ်ဘုံတိုင်းက ထိုအိမ်ရှေ့မင်းသားအား ပိုင်ဆိုင်လိုကြ၏။ သို့သော် နတ်နယ်မြေသုံးခုတွင် နတ်မင်းသမီးများ နတ်မိဖုရားများ ကိုယ်ဝန်လွယ်ထားကြသော်လည်း မည်သည့် နတ်မင်းသမီးမှ နတ်မိဖုရားမှ ကိုယ်ဝန် မလွယ်ထားသော နတ်နယ်မြေ နှစ်ခုက မကျေမနပ် ဖြစ်ကြလေသည်။ ထို့ကြောင့် ကောင်းကင်အား ပုန်ကန်ခြင်း ဖြစ်သည်။
နတ်နယ်မြေ ငါးခုနှင့် သေမျိုးနယ်မြေ အပါဝင် ပင်လယ်ရှစ်ခုအား အစိုးရသူ အဖြစ် သတ်မှတ်ချက်သည် နတ်အချင်းချင်း ရွေးချယ်ရခြင်း မဟုတ်ပဲ ကောင်းကင်အား စတင်တည်ဆောက်ခဲ့သော နတ်မင်းကိုးပါးတွင် ပထမဆုံးသော ကောင်းကင်မင်းကြီး ဖြစ်သည့် ဟုန်လျန်နတ်မင်းနှင့် ကျိုးရှီ နတ်မင်းတို့မှ ဖန်တီးထားသည့် ထိန်းချုပ်၍ မရသော သဘာဝလွန်စွမ်းအားမှ သတ်မှတ်သည် ဖြစ်ရာ အိမ်ရှေ့မင်းသား လက္ခဏာ ခုနှစ်ရပ် ဖြစ်ပေါ်လာချိန်တွင် မွေးဖွားသော ကလေးငယ်အား အိမ်ရှေ့မင်းသား အဖြစ်သို့ သတ်မှတ်ရမည် ဖြစ်သည်။ သို့သော် တချို့သော နတ်မျိုးတို့တွင် ကလေးမွေးဖွားရန် မိဖုရားတို့ အချိန်မတိုင်သေးသဖြင့် မကျေမနပ် ဖြစ်ကာ ကောင်းကင်နန်းတော်အား စိန်ခေါ်ပြီး တိုက်ခိုက်ကြခြင်း ဖြစ်၏။
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...