အပိုင်း-၅၄

1.8K 166 4
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၄)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ဘာလို့လဲ.. ဘာလို့လဲ..'

အသံကတိုးတိတ်သော နာကျင်နေသော်လည်း ထိုအသံကို လော့အော် ကြောက်ရွံ့သလို ခံစားရပြီး.. ဒေါ်လေး၏ မျက်နှာကို မကြည့်ရဲတော့ပဲ ဒူးထောက်လိုက်မိသည်။

ရင်းအော်.. ခြေလှမ်းတွေကို လှမ်းနေသော်လည်း.. မှိန်ဖျော့သွားသော ကိုယ့်ရဲ့ နတ်ဝိဉာဉ်ကို မြင်လိုက်ရ၏။ နှုတ်ခမ်းတွေ ဖြူဖျော့နေပြီမှန်းကိုလည်း သိလိုက်ပြီ ဖြစ်သည်။ လော့အော်က သူမကို အဖြေတစ်ခုခု ပြန်မပေးတော့မှန်းလည်း နားလည်လိုက်၏။ ပြီးတော့ လက်ထဲမှ ရေနွေးခွက်ငယ်လေးအား မကိုင်နိုင်တော့ပဲ ကြမ်းခင်းပေါ်သို့..

'ဒုတ်.. ဂလုပ်.. ဂလုပ်..'

ရေနွေးခွက်လေးက ရင်းအော်၏ လက်အတွင်းမှ.. ကြမ်းခင်းပေါ်သို့.. ပြုတ်ကျသွားပြီး ဝေးရာသို့ လိမ့်၍ လိမ့်၍..၊

ရင်းအော် အမြင်အာရုံတွေ ဝေဝါးနေပြီမို့ ဒီနေရာမှာ ဆက်ရှိနေဖို့ မသင့်တော်မှန်း သိလိုက်ကာ နန်းဆောင်အပြင်သို့ ဖြေးလေးသော ခြေလှမ်းတို့နှင့် လှမ်းထွက်လာခဲ့မိသည်။ နှုတ်ခမ်းမှလည်း သွေးတစ်စက စို့လာပြီ ဖြစ်၏။ ဒီအဆိပ်က ရင်းအော်၏ ဝိဉာဉ်ကို အလုံးစုံ ပျောက်ကွယ်အောင် မပြုလုပ်နိုင်သော်လည်း နှလုံးတွင်တော့ ပြင်းထန်သော ဒဏ်ကို ဖြစ်စေနိုင်သည်။ သို့သော် ရင်းအော် တွေးတော ရေရွတ်မိနေတာက..

'ငါ သူ့ဆီကနေ ဘာမှ လုမယူပါဘူးလို့ ပြောပြနေတာကို ငါ့ကို ဘာလို့လဲ.. ငါတို့က မိသားစုဝင်တွေ ဖြစ်နေရဲ့သားနဲ့ ဘာလို့လဲ.. သူက အစ်ကိုကြီးရဲ့သမီး ဖြစ်နေရဲ့သားနဲ့ ဘာလို့လဲ.. ငါက သူ့အဒေါ်လေ.. အဲ့တာကို ဘာလို့လဲ..'

အဆိပ်၏ဒဏ်ထက် စာရင် ရင်းအော် မချိမဆန့် ခံစားနေရခြင်းက တူမအရင်းက အဒေါ်အရင်းကို အဆိပ်ခတ်ခြင်းကို ဖြစ်ကာ နာကျင်မှုကို မခံစားနိုင်သော သူမအတွက် ဒီနာကျင်မှုက ပြင်းထန်နေသည်။

ထိုမြင်ကွင်းအား ကျေနပ်သော မျက်ဝန်းတို့ဖြင့် ငြိမ်သက်စွာ စောင့်ကြည့်နေသူက ရှင်းယဲ့..၊

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Tahanan ng mga kuwento. Tumuklas ngayon