စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၈)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'ဟေ့!!.. အပြင်မှာ လှတာနဲ့ ပန်းချီပုံကိုပါ လှတယ်လို့ မင်း မပြောနဲ့လေ နတ်မင်းသား ကိုး..'
ရှောင်လုချီ ပြောတာကို ချင်းဖုန်းက တစ်ခုမှ မကြားသလိုသာ.. တွေတွေကြီး ဆက်သွားနေခဲ့တော့သည်။ အဲ့တာကြောင့်မို့ မတွေ့တာကိုး..၊ နှစ်တစ်ထောင်လုံး.. အိပ်နေလို့ မင်းကို ရှာမတွေ့တာကိုး..၊ ပြီးတော့ စိမ့်စမ်းပြာအိုင် ဆိုတာကို နတ်တိုင်း သွားလို့ မရလို့ မင်းကို ရှာမတွေ့တာကိုး..၊ ကျိုးရင်း.. မင်းက ကျိုးရင်းလား..၊
ချင်းဖုန်း အနောက်သို့ လုချီ ပြေးလိုက်လာပြီးနောက် လက်ထဲမှ ပန်းချီကားကို ဆွဲယူလိုက်ပြီးလျှင်..
'သူက.. အသက် တစ်သိန်းတန်းကို ကျော်လွန်ပြီးပြီ မဟုတ်လား ပြီးတော့ နတ်သမီးတွေထဲမှာမှ ရှားပါးတဲ့ နတ်ဘုရားမ.. သူ ဒီလောက်လှမယ်လို့ ဘယ်သူထင်မှာလဲ.. ငါမယုံဘူး.. ငါ သူ့ကို သွားကြည့်မယ်..'
'ရေမင်းသား စိတ်လောလွန်းနေပါပြီ.. ရေမင်းသားက အစ်ကိုနှစ်တို့နဲ့ အသက်အတူတူ ဆိုရင်တောင်မှ ကျိုးရင်း နတ်ဘုရားမက အသက်တစ်သိန်းကို ကျော်လွန်ပြီးတဲ့ နတ်ပါ ပြီးတော့ ကောင်းကင်မင်းကြီးကတောင် ဒေါ်လေးလို့ ခေါ်ရတယ်.. ကွာခြားမှုက အများကြီးပဲ သူ့ကို စိတ်အနှောင့်ယှက် မဖြစ်စေတာ ပိုကောင်းမယ်..'
ထိုစကားကို ကျမှ ရှောင်လုချီက မကျေမနပ် ဖြစ်သွားဟန်ဖြင့်.. သူ့လက်ထဲက ပန်းချီပုံကို ချင်းဖုန်းလက်ထဲသို့ ထည့်ပေးလိုက်ပြီးလျှင်..
'ရော့!!.. သူက နတ်ဘုရားမ တစ်ပါး အဖြစ်နေဖို့ ထိုက်တန်ရဲ့လား ဆိုတာကို ငါ သွားကြည့်မယ်..'
ချင်းဖုန်း တားဆီးဖို့ ပြင်လိုက်သော်လည်း.. မတားလိုက်မိတော့ပဲ ရှောင်လုချီ ထွက်သွားရာသို့သာ ငေးကြည့် နေမိတော့သည်။ မြောက်ပိုင်း ရေဘုရင်၏သား ရှောင်လုချီက အစ်မတော်သုံးဦး ပြီးလျှင် အငယ်ဆုံး ဖြစ်ကာ အရှေ့ပင်လယ်မှ အာဏာသက်ရောက်မှု အားနည်းကတည်းက ပင်လယ်ရှစ်ခုတွင် အာဏာသက်ရောက်မှု ပြင်းထန်လာသည်။ အသက်က အစ်ကိုနှစ်တို့နှင့် တစ်တန်းတည်းမို့ နှစ်လေးသောင်းကျော် ရှိပြီ ဖြစ်သော်လည်း.. မြောက်ပိုင်းရေဘုရင်၏ အလိုလိုက်ထားမှုကြောင့် ရေမင်းသား လုချီက မြောက်ကြွ မြောက်ကြွ နိုင်နေဆဲ ဖြစ်၏။
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...