စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၇)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆစ်ကျီ ကြယ်တာရာ နန်းဆောင်ကို ကျောခိုင်းလိုက်ပြီ ဆိုမှ ကြယ်တာရာ သခင်မ ရှင်းယဲ့ မဲ့မဲ့လေး ပြုံးမိသည်။ လွန်ခဲ့သော နှစ်နှစ်သိန်းကျော်တုန်းက သူမက ပြေးလွှား သွားလာတတ်သော ကြယ်နတ်သမီး တစ်ပါးမျှသာ ရှိသေး၏။ ဆစ်ကျီ နတ်မင်းကို မျက်စိကျခဲ့ပြပီး.. အနားကပ်ဖို့ ကြိုးစားခဲ့သော်လည်း.. ဆစ်ကျီ နတ်မင်း၏ စကားတစ်ခွန်းတည်းနှင့် ဘာမျှ မတတ်နိုင်ပဲ နောက်ဆုတ်ခဲ့ရသည်။ ထိုအချိန်က ဆစ်ကျီ နတ်မင်းရှေ့သို့ ပြေးသွားမိရာတွင် ဆစ်ကျီက ခြေလှမ်းတွေ ရပ်သွားပြီး.. သူမအား အေးစက်သော အကြည့်ဖြင့် ကြည့်ကာ.. စကားတစ်ခွန်းကို တစ်လုံးချင်း အေးစက်စွာ ဆိုခဲ့သည်။
'တကယ်လို့.. မင်းက အသက်ရှိတယ် ဆိုရင် ငါ့ရှေ့က ဖယ်လိုက်.. အသက်မရှိဘူး ဆိုရင် ငါမင်းကို.. နင်းခြေသွားမယ်..'
သူ့စကားတွေက စိမ်းပြတ်ပြီး ရှင်းယဲ့အား အသက်ရှိသည်ဟု ပင် မသတ်မှတ်မိကြောင်း သိသာစေခဲ့ပြီးနောက် ရှင်းယဲ့ အသိတရား ဝင်ခဲ့ရသည်။ တလီချင်းယွင် ကောင်းကင်မင်းကြီး ဖြစ်လာတော့.. ကြယ်တာရာ မျိုးနွယ်တို့၏ ငြိမ်းချမ်းရေး အတွက် ကောင်းကင်မင်းကြီးနှင့် လက်ဆက်ခဲ့ရသည်။ သို့သော် ပထမဆိုသော နေရာက ရှင်းယဲ့ အတွက် မဟုတ်ခဲ့ပဲ ဖြစ်သည်။
ဆစ်ကျီ နတ်မင်း၏ လုပ်ဆောင်မှုတိုင်းက အဓိပ္ပါယ် ပြည့်ဝသည်ဟု သတ်မှတ်သည် ဆိုလျှင်.. ယနေ့ ဆစ်ကျီ နတ်မင်း ကြယ်တာရာ နန်းဆောင်ကို ရောက်လာခြင်းက.. ဘယ်သို့သော အဓိပ္ပါယ် အတွက်နည်း..၊
@@@@@@@@@
'လျန်းလျန်.. အမြန်လာလေ.. အမြန်လာ ပါဆို..'
'လာပြီ.. လာပြီ..'
သာမာန် လူသားအဝတ်စားတို့ဖြင့် ကျိုးလျန်က မီးဖိုခန်းအတွင်းမှ ပြေးထွက်လာသည်။ ဖုန်းယွဲ့က လက်ကိုင်ပုဝါကို ထုတ်ကာ မျက်နှာကို သန့်ရှင်းအောင် ပြုလုပ်ပေးရင်း..
'ဒီမှာ နေနေတာ တန်ခိုးကြီးတဲ့ နတ်ဘုရားလို့ ဘယ်သူထင်မှာလဲ.. နော်.. လျန်းလျန်.. ရှင်က ဖုန်းယွဲ့ အနားမှာ နေဖို့ ဆုံးဖြတ်လိုက်တာ.. အခုထိ အိပ်မက်လိုပဲ ထင်နေမိတုန်း..'
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...