စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၅)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
~ရင်းအော် ရောက်လာရင် င့ါကို ဒီပုံစံအတိုင်း သွေးတွေနဲ့ မြင်သွားလို့ မဖြစ်ဘူး.. ဒါပေမယ့် ငါလည်း အင်္ကျီကို ထပ်ပြီး မလဲနိုင်တော့ဘူး.. ငါ သူ့ကို ပုန်းနေရမယ်..~
ထို့ကြောင့် နန်းဆောင် အတွင်းမှ ပျောက်ကွယ်သွားအောင် ဖန်တီးလိုက်ပြီး.. ကောင်းကင်နဂါးတွေ အိပ်သော တလင်းဂူအတွင်းသို့ ရောက်တော့.. မတ်တပ်မရပ်နိုင်ပဲ တအိအိ ပြိုလဲကျသွားတော့၏။
~ရင်းအော်.. ဘာမှမသိသေးတဲ့.. ငါ့ရဲ့ကလေးလေး..~
@@@@@@@@@@
'ရင်းအော်.. မင်းဒီတိုင်းပဲ အစားမစားပဲ နေမလို့လား..'
မေးလိုက်တော့ သူမက သလွန်ပေါ်မှာ လဲနေရာမှ သူ့အား မျက်လုံးလေး လှန်ကြည့်လာသည်။ မနေ့တစ်နေ့လုံး တွေးတောနေခြင်းမှာ ဒီနေ့အထိ ဖြစ်လာတော့.. သူမကို ဆက်ပြီး မတွေးတောစေချင်တော့ပေ။ သို့သော် သူမက ငေးငိုင်နေဆဲ..၊
'ငါမစားဘူး ငါက နဂိုရ်ကတည်းက အစားစားဖို့ မလိုတဲ့ နတ်ပဲ..'
သူမက ထိုသို့ ပြောတော့.. သူ့လက်ထဲရှိ သူမအတွက် စွပ်ပြုတ်ခွက်ကို ငုံ့ကြည့်မိလိုက်ပြီးမှ..
'မင်း ကိုယ်မင်း မကုသချင်ဘူး ဆိုရင်တောင် အစားတော့ စားသင့်တယ် ရင်းအော်..'
သူမက လက်လေးကို မြောက်ကာ ဝှေ့ယမ်းလိုက်တော့.. သူ့ဝိဉာဉ်ဒဏ်ရာ ရနေတာကို တွေ့ရှိသွားပြီး..
'မင်းကိုယ်မင်း အရင်ကုသဖို့ ကြိုးစားအုံး.. ဘာမှမဖြစ်လောက်ပေမယ့် မင်းက အိမ်ရှေ့မင်းသား..'
'မင်းကလည်း အိမ်ရှေ့မင်းသားရဲ့.. မိဖုရားလောင်းလေ.. မင်းကိုယ်မင်း ဂရုစိုက်ဖို့ မမေ့သင့်ဘူး..'
သူမက ထိုင်နေရာမှ ထရပ်လိုက်တော့ လက်ထဲက စွပ်ပြုတ် ပန်းကန်ကို ရှေ့တိုးပေးမိလိုက်ပြီး..
'တစ်ဇွန်းလောက် ဖြစ်ဖြစ် သောက်လိုက်ပါ..'
'မလိုဘူး.. ငါ ဆရာ့ကို သွားရှာမယ် လော့အော်က ငါ့ကို ဘာလို့ အခုလို လုပ်တာလဲ ဆိုတာကို သွားမေးမယ်..'
أنت تقرأ
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
أدب تاريخيOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...