စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃)
မီးမျိုးနွယ် နတ်တွေ နတ်အစွမ်းကို သုံးလို့ မရအောင် မီးနတ်အစွမ်းကို ပိတ်ပင်လိုက်တာမို့ ကောင်းကင်မှ နတ်စစ်သည်များက မီးမျိုးနွယ်တွေကို လွယ်လင့်တကူ တားဆီးလိုက်နိုင်သော်လည်း နတ်သမီး အဆင့်မှ နတ်ဘုရား အဆင့်သို့ ပြောင်းလဲသွားသော ရင်းရင်းကတော့ မောပန်းစွာ အိပ်ပျော်သွားတော့သည်။ အရှေ့မီးပင်လယ်မှ နတ်များမှာ မီးစွမ်းအားတွေ ယုတ်လျော့ပြီး မီးနတ်မင်းကမူ ဆစ်ကျီ နတ်မင်း၏ ဓားချက်ဖြင့် နတ်သက်ကြွေပြီး မီးနတ်မင်းသား ရန်ချင့်မှ မီးပင်လယ်၏ အရှင်သခင်အဖြစ် ပြောင်းလဲ အုပ်ချုပ်သည်။ သို့သော် မီးနတ်နွယ်များ အားလုံး စွမ်းအား လျော့နည်းသည် ဖြစ်ရာ ကောင်းကင်၏ အုပ်ချုပ်မှုကို မတွန်းလှန် နိုင်တော့ပဲ ကောင်းကင်မင်းကြီး၏ သစ္စာခံလိုက်ကြသည်။
ဆစ်ကျီ နတ်ဘုရားက သူ့ကိုယ်သူ တိုက်ပွဲဖန်တီးသူ အဖြစ် သတ်မှတ်ကာ လူသားတိုင်းပြည်တွင် ဆယ်ဘဝ နေထိုင်ရန် တခြားသော နတ်ဘုရားများ တားမြစ်သည့် ကြားက ဆင်းသွားသည်။ အရှေ့မြောက်ပင်လယ် မင်းသမီး ဖုန်းယွီကတော့ မီးလောင်ကျွမ်းကာ သေဆုံးသွားသည်။ ဖူချန့်က လွှတ်မြောက်လာပေမယ့် မိခင်မရှိသော သူလေး ဖြစ်သွားသည်။
ထိုတိုက်ပွဲနှင့် ဆက်စပ်၍ ကျိုးရင်းအား ပြစ်မှားရန် ဘယ်သူမျှ မကြိုးစားဝံ့ကြတော့ပေ။ သို့သော် ရင်းရင်းကလည်း ထိုနေ့မှ စ၍ အိပ်ပျော်သွားသည်မှာ နှစ်တစ်ထောင် တိုင်အောင် ကြာပြီးနောက်၊
ကျိုးဖန့်သုန်နှင့် ကျိုးလျန် စိမ်စမ်းရေပြာအိုင် တစ်ဝိုက်ရှိ ရောင်စုံပန်းတို့သည် အပြာရောင်သို့ ပြောင်းသွားသဖြင့် တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်မိပြီး အိမ်တော်အတွင်းသို့ လျင်မြန်စွာ ဝင်လာခဲ့ကြသည်။ ထင်သည့်အတိုင်း အိပ်ရာပေါ်တွင် ညီမလေးက ထထိုင်နေပြီ။ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီးမှ
'ရင်းအော် အိပ်တာ ဘယ်အချိန်ရှိသွားတာလဲ ဘယ်နှစ်ရက်လဲ နတ်ပြည်မှာ ဘာတွေ ဖြစ်ကုန်ပြီလဲ ကောင်းကင်မင်းကြီးက ဘာတွေ ဆုံးဖြတ်လိုက်ပြီးလဲ'
ESTÁS LEYENDO
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Ficción históricaOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...