အပိုင်း-၂၆

2K 213 0
                                    

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၆)

@@@@@@@@@@@@@@@@@@@@@

အဘိုးတော် မှာကြားထားသော ပုန်ကန်သူ နတ်တို့အား ရှာဖွေသော အရေးကိစ္စတွင် စိတ်ပါဝင်စားစွာ လုပ်ဆောင်ရသည်။ ဒုတိယအဆင့် နတ်ဘုံသို့ ဆင်းရတော့ မီးပင်လယ်၏ နယ်နမိတ်သို့ လှမ်းမြင်ရ၏။ ထိုဆီသို့ လှမ်းကြည့်ပြီး ရင်းအော်ကို တွေ့လိုစိတ်တို့ ဖြစ်ပေါ်လာသည်။ သို့သော် ရင်းအော်က တခြားသူ၏ ဇနီးဖြစ်သွားခြင်းမှာ သူ တတ်နိုင်တာက ရင်းအော်၏ အသက်ကို ကာကွယ်ပေးဖို့သာ၊

'အိမ်ရှေ့မင်းသား စိတ်ချပါ ဒုတိယဆင့် နတ်ဘုံမှာ ပုန်ကန်သူတွေကို မဖုန်းကွယ်ထားရဲပါဘူး'

သူ့အနောက်မှ နေ၍ စကားပြောလာမှ ထိုနတ်ကို လှည့်ကြည့်လိုက်ပြီးမှ

'ကောင်းကင်မင်းကြီးက သူ့ကို သစ္စာခံမှု လျော့ရဲနေတယ်လို့ ထင်မြင်နေတယ် အဲ့လို ကိစ္စကို မဖြစ်ရအောင် ငါ တလီယီမင်က လာပြီး နှစ်ဦးနှစ်ဖက် ကြားမှာ မျှတစေလိုတာပါ'

ဒီအိမ်ရှေ့မင်းသားက မွေးလာကတည်းက ထူးခြားသော အမှတ်လက္ခဏာကိုးခုနှင့် မွေးဖွားခဲ့ခြင်းမှာ နတ်သားငယ်လေး ဆိုပေမယ့် မရိုမသေမပြုဝံ့ကြပေ။ အနည်းငယ် ဖျော့တော့သော လေသံဖြစ်သော်လည်း ယီမင်က ပြတ်သားသော စကားကို ဆိုလိုက်သည်။

'ငါ တလီယီမင် အခုမှ အသက်က ခြောက်လပဲ ရှိသေးတယ် ဒါပေမယ့် ငါက နတ်နဂါးမျိုးနွယ်မို့လို့ အရွယ်ရောက်တာ လျင်မြန်တယ် တကယ်လို့ ကောင်းကင် ထီးနန်းကို လိုချင်တယ် ဆိုရင် ငါနဲ့ ထွက်တွေ့ပါ တကယ်လို့ ငါ့ကို နိုင်တဲ့သူ ဘယ်သူ့ကို မဆို ကောင်းကင်မင်းကြီးက ထီးနန်းကို လွဲအပ်တဲ့ နေ့မှာ ငါကိုယ်တိုင် အဲ့ဒီ ထီးနန်းကို ကြည်ဖြူစွာ လွဲအပ်ပေးမယ်'

'အိမ်ရှေ့မင်းသား!!'

'အသက်ခြောက်လနဲ့ ဝါကြီးတဲ့ နတ်မင်းတွေကို စိန်ခေါ်တာက ရဲဝံ့ပါပေတယ်'

@@@@@@@@

ထိုသတင်းက ကောင်းကင်မင်းကြီး ထံသို့ ရောက်သွားတော့ ချင်းလီက တလီတိမ်တောင် ခန်းမသို့ အပြေးအလွှား ရောက်လာပြီး

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now