စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၃)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'မင်းက ကောင်းကင်နန်းတော်မှာ ဆော့တတ်တဲ့ ကလေး အဖြစ် နာမည်ကြီးတယ်.. ဒါပေမယ့် ငါကတော့ မင်းကို ဆော့တဲ့ကလေးလို့ မမြင်ဘူး ဆိုးတဲ့ ကလေးပဲ မင်းအမေနဲ့ မင်းအဘွားက မင်းကို ကောင်းကောင်း မသွန်သင်ဘူး ဆိုမှတော့ ငါက မင်းကို သွန်သင်ပေးရမှာပေါ့..'
အမေနှင့် အဘွားကို ထိပါး ပြောဆိုတာကိုတော့ ဖုန်းယွဲ့ လက်မခံနိုင်ပဲ ထိုင်နေရာကနေ ဆတ်ခနဲ ထရပ်လိုက်ပြီး..
'ဘယ်သူ ပြောလဲ.. အမေနဲ့ အဘွားက ဖုန်းယွဲ့ကို မဆုံးမဘူးလို့.. အမေက ဖုန်းယွဲ့ကို ကောင်းကောင်း ဆုံးမတယ်.. ကြယ်တာရာ နန်းဆောင်ကို မသွားဖို့လဲ တားမြစ်ထားတယ်.. စုန်းမ ပြုစားတာ ခံရမယ်တဲ့..'
'မင်း.. ငါ့ကို ပြောဆိုရဲတယ်..'
'ရွှမ်း!!..'
ကြယ်တာရာဓားကို ထုတ်လိုက်သော အသံက သိပ်မကျယ်သော်လည်း ဖုန်းယွဲ့ စိတ်ထဲမှာ ထိုအသံတစ်ခုတည်းကိုသာ ကြားလိုက်ရသလို ခံစားလိုက်ရသည်။
~မယ်တော်.. ဖုန်းယွဲ့ကို ကယ်ပါ.. ဖုန်းယွဲ့က မယ်တော်ကို ထိပါးလို့ မခံနိုင်လို့ ပြောမိတာပါ..~
ဓားရောင် တစ်ချက် လက်သွားခြင်းမှာ ဖုန်းယွဲ့ မျက်လုံးတွေ စုံမှိတ်လိုက်မိပြီး..
'အား!!..'
'ချွမ်း!!.. ထျန်း!!..'
ကျိုးလျန်က လက်တွင် ကိုင်ထားလေ့ ရှိသော ယပ်တောင်ကို ဗျပ်စောင်းကဲ့သို့ ပြောင်းလဲကာ တီးခတ်လိုက်ခြင်း ဖြစ်သည်။ တေးသံက ဓားသွားကဲ့သို့ ပြေးထွက်လာပြီး.. ရှင်းယဲ့ နတ်သမီး လက်အတွင်းရှိ ဓားကို ဟန့်တားလိုက်ခြင်းမှ ပြင်းထန်သော မြည်သံက ထွက်လာသည်။
ရှင်းယဲ့ နတ်သမီး၏ လက်မှ ဓားဖျားက ဖုန်းယွဲ့အား ထိလုထိခင်တွင် ရပ်တန့်သွား၏။ ဝင်မပါဖို့ ဆုံးဖြတ်ထားမိသော်လည်း ရှင်းယဲ့ နတ်သမီး၏ ဒေါသကြီးမှုကြောင့် ဝင်ပါလိုက်ရပြီး တားလည်း တားဆီး လိုက်ပြီးပြီမို့ ကျိုးလျန် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီးလျှင်..
ŞİMDİ OKUDUĞUN
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Tarihi KurguOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...