စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၉)
@@@@@@@@@@@@@@@@@@@@@
ကျိုးလျန် နတ်မင်းသားကိုးရဲ့ နန်းဆောင်ကနေ ထွက်လာခဲ့ပြီးတော့ ဆစ်ကျီရဲ့ နန်းဆောင်သို့ သွားရာ လမ်းတွင်
'ချင်းဖုန်းက တကယ်ပဲ ရင်းအော်နဲ့ သင့်တော်တဲ့ နတ်ပဲ ငြင်းစရာ ရှိတာကို တစ်ခါတည်း ငြင်းလိုက်တယ် ငြင်းပြီးပြီ ဆိုမှ နှမြောနေဖို့ မလိုပါဘူးလေ'
တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်လိုက်မိသော်လည်း စိတ်ထဲမှာ မသင်္ကာ ဖြစ်လာလို့ အနောက်သို့ လှည့်ကြည့်လိုက်တော့
'မင်းသမီးလေး ဘယ်လိုလုပ်ပြီး ဒီမှာ ရောက်နေတာလဲ'
'ကျိုးရင်း နတ်ဘုရားမကို ဦးလေးကိုးက ယူမယ် ဆိုရင် အမျိုးတော်တာတွေက ဘယ်လို ဖြစ်သွားမှာလဲ'
'ဘာကို အမျိုးတော်တာလဲ မင်းသမီးလေး'
ဖုန်းယွဲ့က သူ့ကို တစ်ချက် သေချာ ကြည့်ပြီးမှ တွေးသလို ဟန်ပန်ဖြင့်
'ကျွန်မက ကျိုးလျန် နတ်မင်းရဲ့ ဇနီးဖြစ်သွားရင် ကျိုးရင်း နတ်ဘုရားမက ကျွန်မကို မရီးတော်လို့ ခေါ်ရမှာပဲ အဲ့တာဆို ဦးလေးကိုးကလည်း ကျွန်မကို မရီးတော်လို့ ခေါ်ရမှာ မဟုတ်လား'
သေလိုက်ပါလား ကျိုလျန်၊ ဒီနတ်သမီးက ဘယ်နားကနေ ပေါ်လာမှန်း မသိအောင် အတွေးတွေ လွန်နေရသလား၊
'မင်းသမီးလေး ငါ ကျိုးလျန် လောကီ ကိစ္စတွေကို ပယ်သတ်ဖို့ ကြိုးစားတဲ့ နတ်ပါ'
သူက ကျိုးရင်း နတ်ဘုရားမရဲ့ အစ်ကိုတော် ဆိုပေမယ့် တလီဖုန်းယွဲ့ ဆိုတာက ကောင်းကင်မင်းကြီး၏ မြေးဦး၊ မင်းကို သဘောမကျနိုင်ပါဘူး ဆိုပြီး ဆစ်ကျီလို မျက်နှာသေကြီးနဲ့ မပြောတတ်တော့ တွေးမိတွေးရာကို ပြောရ၏။ သို့သော် ထိုစကားက သူမ၏ တုန့်ပြန်စကားအောက်မှာ ချက်ချင်းပဲ ကျရှုံးသွားမည်ဟု ဘယ်သူ ထင်မှာလဲ၊
'ဒါပေမယ့် မအောင်မြင်သေးဘူး မဟုတ်လား'
သူ ရှင်းပြဖို့ မကြိုးစားတော့ပဲ လှည့်ထွက်လာခဲ့တော့ ဖုန်းယွဲ့က အနောက်မှ လိုက်လာပြီး လက်ကို လှမ်းဆွဲသည်။
ESTÁS LEYENDO
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Ficción históricaOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...