စိမ့်စမ်းပြာအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၉)
@@@@@@@@@@@@@@@@@@
ဆစ်ကျီ ပြောလိုက်တာကိုရယ်မောမိပေမယ့် စိတ်ထဲမှာတော့ သက်တောင့်သက်သာ မဟုတ်ပဲ၊
@@@@@@@@@@@@@@@@@@
ပန်းကြည့်ပွဲ၊
ကောင်းကင်ပြည်တွင် နှစ်တစ်သောင်းမှာမှ တစ်ရက်တည်း တစ်ချိန်တည်းမှာမှ တစ်ကြိမ်သာ ပွင့်သော ပန်းခင်းကို ရှုစားသော ပွဲတစ်ခု ရှိသည်။ ထိုပွဲသို့ တက်ရောက်ရန် နတ်ဘုရားတွေ အကုန်လုံးသို့ ဖိတ်စာ ဝေသည်မို့ ထိုပွဲသို့ နတ်ဘုရားများ တက်ရောက်ရမည်။
'ဒီလောက် ရှုပ်ထွေးတဲ့ပွဲကို ငါသွားမယ်လို့ သူတို့ ဘယ်လိုများ တွေးထားကြတာလဲ မသွားဘူး'
'ဒီပွဲက နတ်ပြည်မှာ ဒီလောက် လွယ်လွယ်နဲ့ လုပ်တာ မဟုတ်ဘူး ညီမလေး မင်းကို ဖိတ်တယ် ဆိုတာကလည်း မင်းက နတ်ဘုရားတစ်ပါးမို့ လေးစားလို့ ဖိတ်တာလေ မင်း မစဉ်းစားပဲ မငြင်းသင့်ဘူး'
နတ်ပြည်ကိုလား၊ ဆရာ့ဆီ မဟုတ်ပဲနဲ့ သွားစရာလား၊ ဒေါ်လေးလို့ အခေါ်ခံရတာ ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ ဘယ်သူသိမလဲ၊
'ထားလိုက်တော့ သွားဖို့ မသွားဖို့က မပြောတတ်သေးဘူး လောလောဆယ် စိမ့်စမ်းပြာအိုင်မှာ နေရတာ ပျင်းလို့ သေလိမ့်မယ် အစ်ကိုကြီးဆီ သွားလည်အုံးမယ်'
'မင်း မင်း ရင်းအော်!! ဒီကောင်မလေးကတော့ ပြောင်းလဲသွားတာ ဘာမှ မရှိဘူး'
@@@@@@@@@@@@@@
ဒဏ္ဍာရီရေကန်၊ ရေကန်ဘေးတွင် ကျိုးဖန့်သုန်က ထိုင်လျက် ရှုစားနေပြီး ရေပေါ်တွင် ရေစက်လေးတွေကို စည်းချက်ကျအောင် ဖျောက်အော်က တီးခတ်နေ၏။ သာယာသော တေးဂီတသံက အနီးတစ်ဝိုက်တွင် ပျံ့လွင့်နေပြီး ထိုအခြေနေကို မရှု့စိမ့်နိုင်သူ ပင်းပင်းက ရှေ့သို့ တိုးလိုက်ပြီး
'သခင်ကြီး!!'
ဒီအသံကို ကြားလိုက်တာနဲ့ ကျိုးဖန့်သုန် ထိုင်နေရာမှ ထရပ်လိုက်ပြီးသား ဖြစ်သွားသည်။ သို့သော် ဒီလို ပြသနာတွေကို ရှင်းရန်အတွက် ကြိုတင်တွေးမိထားခြင်း မရှိ၍ ထသာ ထရပ်လိုက်ရသော်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေဆဲ၊ ပင်းပင်းက လည်သည်။ အခြေနေကို တစ်ခုချင်း တွက်ဆလိုက်ပြီးလျှင်
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...