စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၁)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'ဘယ်သူလဲ.. မင်းနဲ့သင့်တော်ရဲ့လား..'
ဘယ်သူလဲလို့ မေးလာဖို့ကို စောင့်ဆိုင်းနေတာမို့ မေးလာတာနဲ့ ရင်းအော် ဝမ်းသာအားရ လက်ညိုး ညွှန်ပြလိုက်မိသည်။ ပါးစပ်မှလည်း..
'သူပဲ.. လုချီ မြောက်ပင်လယ် ရေဘုရင်ရဲ့သားတော် ရေမင်းသား ရှောင်လုချီ..'
'အာ!!..'
'ဘုတ်..'
ဆစ်ကျီ နတ်မင်းကော နတ်မင်းသားကိုးနှင့် အိမ်ရှေ့မင်းသား တလီယီမင်တို့၏ အကြည့်အောက်မှာ လုချီ မတ်တပ်တောင် မရပ်နိုင်ပဲ ထိုင်ကျ သွားလေတော့သည်။
~ဒါ ငါ လုချီ မွေးလာတဲ့ အနှစ်လေးသောင်း အတွင်းမှာ ကံအဆိုးဆုံး အချိန်ပဲလား..~
သူ့ကို စူးစိုက်ကြည့်နေကြသော သူတွေကို မော့ကြည့်နေရင်းမှ ပြန်လည်ထရပ်လိုက်ပြီး သူ့ကို လက်ညိုးထိုးထားဆဲ ရင်းရင်း၏ လက်ညိုးအား ဘေးသို့ တိမ်းသွားအောင် အသာလေးတွန်းလိုက်သည်။ ပြီးတော့မှ ဟဲခနဲ ရယ်လိုက်သေးကာ..
'ဟား.. ဟား.. ရင်းရင်း.. မင်းရဲ့လက်ညိုး နေရာလွဲနေပြီ.. ငါက ဘယ်လိုလုပ်ပြီး နတ်ဘုရားမ တစ်ပါးအတွက် သင့်တော်မှာလဲ.. မင်းမှားနေပြီနော်..'
ရင်းအော်က လုချီအနားသို့ တိုးလိုက်ပြီး..
'လုချီ ဒီကိစ္စက ရှက်ဖို့ ကြောက်ဖို့ မလိုပါဘူး.. ဆရာက ငါ့ကို အထူးဂရုစိုက်လို့ အိမ်ထောင်ဖက်တွေ့စေတာ.. ငါရဲ့ ရွေးချယ်မှုက မှန်ကန်လောက်တယ် မဟုတ်လား..'
စကားက လေသံလေး ပျော့ပျောင်းနေသော်လည်း.. ဒီအခြေအနေမှာ လုချီအတွက် ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေသလို ခံစားလိုက်ရ၏။ ဟိုဘက်မှာက ဆစ်ကျီနတ်မင်းနှင့် နတ်မင်းသား နှစ်ပါး..၊ သူ့အနားမှာက ကျိုးရင်း နတ်ဘုရားမ..၊ ရွေးချယ်စရာတို့က ခက်လေပြီ။
~ဆစ်ကျီ နတ်မင်းနှင့်.. နတ်မင်းသား နှစ်ပါးကမှ သူ့ကို အပြစ်လွတ်ပေးချင် လွတ်ပေးအုံးမယ်..၊ အနားမှာ နှုတ်ခမ်းတွေ ပြုံးပြီး မျက်လုံးဖြင့် ခြိမ်းခြောက်နေသော ရင်းရင်းကတော့ သူ စကားပြောမှားသွားတာနဲ့ လွတ်ပေးမှာ မဟုတ်လောက်ဘူး..၊ ဟူး.. တောင်းပန်ပါတယ် ယီမင်..~
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...