စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၆၁)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'ငါ မင်းကို စွန့်ပစ်တယ်.. ယီမင်.. ငါ ကျိုးရင်း.. မင်းကို စွန့်ပစ်တယ်!!.. မင်းဘယ်တော့မှ ငါ့ရှေ့မှာ မပေါ်လာနဲ့!!.. ငါ မင်းကို စွန့်ပစ်လိုက်ပြီ..'
သူမက ပါးပြင်ပေါ်သို့ ဆင်းကျနေသော မျက်ရည်တွေကို လက်နှစ်ဖက်လုံးဖြင့် အကြမ်းပတမ်း သုတ်ပစ်လိုက်ပြီး တလင်းဂူအတွင်းမှ ပျံတက်သွားတော့၏။
'ရင်းအော်!!..'
~ရင်းအော်.. မင်းပြောကြည့်ပါအုံး.. မင်းရဲ့ ရှင်သန်မှုအတွက် တခြားအရာကို ရွေးချယ်မိတာ ငါ မှားလား ဆိုတာကို မင်းဖြေကြည့်ပါအုံး..~
သူမသွားလိုက်မှာက ချီးရှီနတ်မင်း၏ အမှောင်နန်းဆောင်မှန်း သိနှင့်နေတာမို့.. သူ လိုက်မသွားတော့ပဲ တော်ဝင်နန်းဆောင်သို့ လာခဲ့လိုက်၏။ ကျိုးလျန် နတ်မင်းက သူ့ကို မြင်တော့ ထရပ်လိုက်ပြီး.. အစ်မတော်အား.. မျက်နှာရိပ်ပြကာ အဝေးသို့ သွားခိုင်း၏။ အစ်မတော် သွားလိုက်ပြီးမှ ကျိုးလျန် နတ်မင်းက..
'ယီမင်.. မင်းက အကျိုးသင့် အကြောင်းသင့်လွန်းတဲ့ နတ်ပဲ မင်းဆီမှာ အကြောင်းရာ တစ်ခုခု တိတိကျကျ မရှိပဲနဲ့ ဒီနန်းဆောင်ကို လာမယ် ဆိုတာ ငါသိတယ်.. ပြောပါ..'
'ကျိုးလျန် နတ်မင်း ချီးကျူးလွန်နေပါပြီ ဒီတစ်ကြိမ် ယီမင် တော်ဝင် နန်းဆောင်ကို ရောက်လာတာက ကျိုးလျန် နတ်မင်းဆီက သေရည်အိုးအနည်းငယ်ကို တောင်းဖို့ပါ..'
'အိုး!!.. ကောင်းကင်ပြည်က အိမ်ရှေ့မင်းသားက မွေးကတည်းက သေရည်ကို ငြင်းဆန်တယ်လို့ ကြားဖူးတယ်.. ကြည့်ရတာ ဒီပြောဆိုမှုက အပိုတွေ ဖြစ်မယ် ထင်တယ်..'
'ယီမင် မွေးလာကတည်းက သေရည်သောက်ပြီး စကားပြောဆိုဖို့ အချိန် နည်းပါးခဲ့တာကိုပဲ.. အပြစ်တင်ရမယ်..'
'ကောင်းပြီ.. ငါမင်းနဲ့ ပြောဆိုမနေတော့ဘူး.. ငါ့မှာလည်း လုပ်ဖို့ တွေးထားတာတွေ ရှိတယ်.. ရေအေးချောက်ကို နောက်ခုနှစ်လောက် ဆိုရင် ယွဲ့အော်က ရေအေးချောက်မှာ နှစ်တစ်သောင်းနေထိုင်ရမယ် ရေအေးချောက်ဆိုတာက မင်းသိတဲ့အတိုင်းပဲ နတ်တွေဆိုရင်တောင်မှ စွမ်းအားနည်းရင် အေးခဲပြီး.. မကျန်းမမာ ဖြစ်နိုင်တယ်.. ယွဲ့အော်က ကလေးမွေးပြီးတာနဲ့.. သွားနေရမယ် ဆိုရင်.. ငါ့ကလေးကိုကော ငါ့ဇနီးကိုပါ အဆင်ပြေဖို့ ငါ စီစဉ်ရမှာ..'
STAI LEGGENDO
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Narrativa StoricaOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...