အပိုင်း-၄၈

2K 183 2
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄၈)

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

'ဟုတ်တယ် ငါက လောကမှာ နတ်သမီးတိုင်း လိုချင်နေတဲ့.. နတ်သားတစ်ပါးကို ငါ့ရဲ့ သတို့သား အဖြစ်တောင်းဆိုတယ်.. ငါသိတယ်.. ငါက သဘာဝမကျဘူး တရားနည်းလမ်း မကျဘူးလို့ ဒီမှာ ရှိတဲ့ နတ်တိုင်း.. တွေးနေကြမယ် ဆိုတာ ငါသိတယ်.. ဒါပေမယ့် ငါက ဘယ်တုန်းကမှ တရားနည်းလမ်း မကျဘူး ဆိုတာ မင်းတို့ မမေ့ကြနဲ့.. ဒါနဲ့.. ငါ့ရဲ့ သတို့သားမှာ တခြား ကြင်ရာတော်တွေ ရှိနေမှာကို မလိုလားဘူး.. တောင်းပန်ပါတယ် လုအယ်.. မင်းကိုလည်း ငါမလိုချင်ဘူး.. ငါသွားပြီ..'

လုအယ်ကို နှင်ထုတ်လိုက်တာက အစ်ကိုနှစ်ရဲ့ ကိစ္စပြီးသွားလျှင် ယီမင်အား.. တခြားသော ကြင်ရာတော်တွေ မရှိပဲ ပြန်ပေးအပ်နိုင်ရန် ဖြစ်၏။ ပြီးနောက်မှ ခန်းမအတွင်းမှ ထွက်ခွာလာခဲ့သည်။ ~အခုတော့ ကောင်းရော လုချီလည်း လွတ်လပ်သွားပြီး ဆရာလည်း ငါ့ကို တခြားသူနဲ့ မတွေ့ခိုင်းတော့ဘူး.. အဲ့တာက ငါ့အတွက် အေးချမ်းတာပဲ~

'ယီမင်.. အဘိုးတော်က မင်းကို အတင်းအကျပ် မလုပ်လိုဘူး.. ဒါပေမယ့် ကျိုးရင်း နတ်ဘုရားမက မင်းရဲ့ အဘွားတော်အတွက် အသက်ကြွေး အနေနဲ့ တောင်းဆိုသွားတယ် ဆိုတော့..'

ကောင်းကင်မင်းကြီးက အနည်းငယ် နေရခက်ဟန်ဖြင့် ဆိုသော်လည်း.. ဒါက ယီမင်၏ ဆုံးဖြတ်ချက် အတိုင်း တည်စေမှာကို ခန်းမအတွင်းရှိ နတ်မင်းတိုင်းက နားလည်ကြသည်။ သို့သော် ယီမင်က အချိုမြိန်ဆုံး အပြုံးတို့ဖြင့်..

'ယီမင် အဘိုးတော် ကိုယ်စား အဘွားတော်ရဲ့ အသက်ကြွေးကို ပြန်လည် ပေးဆပ်လိုပါတယ်..'

ပြီးနောက် ဆစ်ကျီ နတ်မင်းအား လှမ်းကြည့်လိုက်လေတော့၏။

@@@@@@@@@@

ရင်းအော် ခန်းမအတွင်းမှ ထွက်လာပြီး.. တလီခန်းမအား တစ်ချက် ကြည့်လိုက်မိသေးသည်။ ပြီးမှ ကြာပန်း ရေကန်သို့ ဆင်းလာကာ ကြာရွက် သုံးရွက်ကို စုစည်းစေပြီး ရေပေါ်တွင်.. ပက်လက်လှဲလျက် ဘယ်လက်ကို ဦးခေါင်းအောက်တွင် ထားလိုက်ကာ မျက်လုံးကို မှေးမှိတ်ထားလိုက်မိသည်။

The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)Where stories live. Discover now