စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၂၇)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူအနားရောက်သွားတော့ ရင်းအော်က ကြမ်းခင်းပေါ်သို့ ပြိုကျလာပြီး ရင်းအော်၏ ခန္ဓာကိုယ်က အပြာရောင် လွှလွှလေးသာ ကျန်တော့သည်။ သူ့ရင်ခွင်အတွင်းသို့ ဆွဲယူ ပွေ့ချီလိုက်တော့ ခပ်ပါးပါး ခန္ဓာကိုယ်လေးက သူ့ကို ထိတ်လန့်စေသည်။ မျက်လုံးတွေ မှေးမှိတ်လုဆဲဆဲ ဆိုပေမယ့် သူမက အိပ်မသွားသေးပါ၊
'ရင်းအော် ကိုကြီးကို စောင့်နေတာဆို ကိုကြီးစကားကို နားထောင်ပြီး မျက်လုံးတွေ မမှိတ်လိုက်ပါနဲ့အုံး ကိုကြီး မင်းကို ကုပေးနိုင်တော့မယ်'
ရင်းအော်က သူ့ကို အားတင်း မော့ကြည့်နေရင်း မျက်လုံးတွေ မှေးမှိတ်ချင်နေပြီ။ ပါးလေးကို ခပ်ဖြည်းဖြည်း ပုတ်လိုက်တော့ မျက်လုံးတွေ ပွင့်လာသည်။ ပြီးတော့ ပြန်ပြီး မှိတ်ကျသွား၏။
'ကိုကြီးကို တွေ့ချင်လို့ စောင့်နေတာပါဆို ခဏလေးပါ ရင်းအော် ရင်းအော်!! ကိုကြီး မင်းရဲ့ ရောဂါကို ကုသဖို့ ဆေးရခဲ့ပြီ သိလား'
ရင်းအော်က လက်လေး မြောက်လာပြီး သူ့မျက်နှာကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ်သည်။ သူ့ပါးပြင်မှ စီးကျနေသော မျက်ရည်တွေကို ထိတွေ့သွားမိပြီး တစ်ချက် ပြုံးသွားကာ
'ရင်းအော်လည်း အိပ်တော့မယ် အိပ်ချင်နေပြီ ဒီတစ်ကြိမ် အိပ်သွားပြီးရင် ရင်းအော် မနိုးလာမှာ ကြောက်တယ် ရင်းအော် ကိုကြီးနားမှာပဲ နေချင်တာ ရင်းအော် လိမ်မာမှာပါ ကိုကြီးနဲ့ အတူတူ ပန်းတွေ သွားကြည့်မယ် အမှောင်နန်းဆောင်ထဲက ကြယ်တွေကို ရေတွက်မယ်ဒါပေမယ့်'
သူမက အားနည်းသွားကာ
'ကိုကြီး အားမှပါ ကိုကြီးက အိမ်ရှေ့မင်းသား မဟုတ်လား ရင်းအော် အနားမှာ နေဖို့ ကိုကြီး အားမှာ မဟုတ်ပါဘူး ပြီးတော့ ကိုကြီးနဲ့ ရင်းအော်က ကွာခြားတယ်လေ'
သူ ခေါင်းခါမိရုံမှ တစ်ပါး ပြောဖို့စကားတွေ ကင်းမဲ့မိပြီ။ သူမလေးက စကားပြောဖို့ကို အားယူနေသေးသည်။ ပြီးတော့မှ
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...