စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၉)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'အိမ်ရှေ့မင်းသား!.. အိမ်ရှေ့မင်းသား!!..'
ဆစ်ကျီ နတ်မင်း၏ နန်းဆောင်မှ ထွက်လာပြီး ကြာပန်းကန်သို့ ဦးတည်လိုက်စဉ် နတ်စစ်သည်များ၏ အလန့်တကြား အော်ခေါ်သံကြောင့်.. ခြေလှမ်းတွေကို ရပ်လိုက်မိပြီး..
'ဘာကိစ္စလဲ..'
'မနေ့ညက.. ရှင်းယဲ့ နတ်သမီးကို နတ်မင်းသားကိုးက ခေါ်ယူသွားပါတယ်.. အချုပ်ခန်းကနေ ထွက်ဖို့ကို နတ်မင်းသမီး ဖုန်းယွဲ့က ကူညီလိုက်လို့ ကောင်းကင်မင်းကြီး.. စိတ်ဆိုးတော် မူနေပါတယ်..'
'ဘာ!!.. ဒါက..'
သူ့နှုတ်ဖျားမှ အာမေဋိတ်သံက ခပ်တိုးတိုး ဆိုသော်လည်း သူ့ခြေလှမ်းတွေက သူမထံသို့ သွားမိနေရာမှ.. လမ်းလွဲသွား၏။ ညီလာခံ ခန်းမအတွင်း အဘိုးတော်က ဒေါသခိုးဝေနေသော မျက်နှာဖြင့် ဖြစ်ကာ.. အစ်မတော်က အဘိုးတော်၏ ခြေရင်းနားတွင် ပုံ့ပုံ့ ကျုံ့ကျုံ့လေး ထိုင်နေ၏။ ယီမင် ရောက်သွားတော့ မယ်တော်က သူ့ထံသို့ အားကိုးတကြီး ကြည့်လာပြီး ခမည်းတော်က မျက်နှာလွဲသွား၏ ကြည့်ရတာ ခမည်းတော်ကလည်း.. အစ်မတော်ကို စိတ်ဆိုးနေဟန် တူ၏။ ထို့ကြောင့် အဘိုးတော်အား လက်ချင်းယှက်ကာ အရိုသေ ပေးလိုက်ပြီးမှ..
'အဘိုးတော်.. ယီမင် လမ်းမှာ.. ကိစ္စတချို့ကို.. ကြားသိပြီးပါပြီ.. ဘာလုပ်ရမယ် ဆိုတာကို အဘိုးတော် မိန့်ကြားပေးပါ..'
'ကောင်းပြီ.. ယီမင် မင်းက အပြစ်သား ရှင်းယဲ့ကို တစ်ပတ်အတွင်း တွေ့အောင် ခေါ်လာခဲ့ပါ.. ပြီးရင် ချင်းဖုန်းကို နတ်မင်းသားကိုး ဆိုတဲ့ အဆောင်ယောင်ကို ရုတ်သိမ်းပြီး နတ်ဘုံကနေ နှင်ထုတ်စေ.. ပြီးတော့!.. တလီဖုန်းယွဲ့!!.. အလိုလိုက်ထားလို့ ဆိုးဝါးနေပြီ မလုပ်သင့်တာကို မလုပ်သင့်မှန်း နားမလည်တော့ဘူး.. သူ့ကိုလည်း.. ရေအေးချောက်ထဲမှာ ပိတ်လှောင်ထားစေ.. နှစ်တစ်သောင်းပြည့်မှ ထုတ်စေ..'
မယ်တော်က ခမည်းတော်အား မှီနွဲ့ကာ ခေါင်းကို လက်ဖြင့် ဖိနှိပ်လိုက်ရ၏။ အဘွားတော်က တစ်ခွန်းမှ မဟတော့ပေ။ ကြည့်ရတာ အဘွားတော်က.. အဘိုးတော်အား နားလည်လွန်းသူမို့.. အဘိုးတော်ကို အခုချိန်မှာ ဝင်တားလို့ မရမှန်း သိနေပုံရ၏။ ထို့ကြောင့် သူလည်း ဘာမှ မပြောတော့ပဲ..
STAI LEGGENDO
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Narrativa StoricaOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...