စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၃၄)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
သူမအိပ်ပျော်သွားပြီးမှ.. သူမအား လောကသုံးခုနှင့် ကင်းဝေးရာသို့ သယ်သွားလိုစိတ်တွေ ဖြစ်ပေါ်မိသည်။ သို့သော်.. သူမက ကျိုးရင်း နတ်ဘုရားမ ဖြစ်နေခြင်းမှာ..၊ သူ သက်ပြင်းသာ ခပ်ဖွဖွ ချလိုက်မိသည်။ အခုနေမှာ သူမက အိပ်နေလို့ ငြိမ်သက်နေတာ ဖြစ်နိုင်သော်လည်း.. နိုးလာတာနဲ့ သူမ၏အသားကို အခွင့်မရှိပဲ ထိတွေ့သည်ဟု စွပ်စွဲနိုင်သေးသည်။ အတန်ကြာတော့ ကျိုးဖန့်သုန် နတ်ဘုရားက အိမ်တော် နတ်သူငယ် တချို့နှင့်အတူ မီးအိမ်များနှင့် ရောက်လာပြီး သူမအား လှမ်းကြည့်လိုက်ကာ..
'ရင်းအော်.. သူ ဘယ်လိုလုပ်ပြီးတော့ အိပ်နေတာလဲ ဒီကောင်မလေး ငယ်ကတည်းက တွေ့ကရာ အိပ်တဲ့ အကျင့်က မပျောက်သေးဘူး..'
'ကျမ်းဂန်တွေ ထားတဲ့ နေရာကို သွားနေရင်းနဲ့ လမ်းပျောက်သွားလို့ပါ..'
ကျိုးနတ်ဘုရားက သူ့အား တအံ့တသြ ကြည့်လာသော်လည်း..
'ဒီကောင်မလေး အသက် ဘယ်လောက် ရှိပြီလဲ အခုထိ လမ်းပျောက်နေတုန်းလား..'
ကျိုးဖန့်သုန် နတ်မင်းပြောနေစဉ်မှာပဲ သူမက လူးလွန့်လာပြီး.. မျက်လုံးတွေ ပွင့်လာခဲ့သည်။ ပြီးမှ..
'ကိုကြီး!!.. ဒီမှာ ဘယ်လို ရောက်လာတာလဲ.. ဒါက အမှောင် နန်းဆောင် နောက်တစ်ခုလား..'
သူ့လက်မောင်းပေါ်တွင် ပါးလေး ဖှေးတင်ရင်း ပြောလာသော သူမ၏ အပြုအမူက..၊ သူ့ကို တအံ့တသြ ဖြစ်စေသည်။ ဒါပေမယ့် ဒီအပြုအမူလေးက ဘယ်သူလဲ ဆိုတာကို သူသိသည်။ အဆုံးရှုံးခံလိုက်ဖို့ ဆုံးဖြတ်ထားသော အပြုအမူလေးတွေ..၊ ဒါက သူ့ရဲ့ ရင်းအော်..၊သူ မျက်ရည်စ တချို့ သိုင်းရစ်လာပြီး သူမ ပါးပြင်လေးကို လက်ဖြင့် ခပ်ဖွဖွလေး ကိုင်လိုက်တော့ သူမက.. သူ့လက်တွေကို ဆုပ်ကိုင်လာပြီးလျှင်..
'အဟီး.. ဘာလဲ ရင်းအော် မျက်နှာ ဘာဖြစ်လို့လဲ..'
သူမက သူ့လက်ကို သူမပါးလေးပေါ်မှာပဲ ထပ်ကိုင်လိုက်ပြီး.. သူ့မျက်နှာကို တမေ့တမော ငေးကြည့်လာရင်း.. သူ့မျက်ဝန်းတွေ ထဲသို့ ခပ်နက်နက် စိုက်ကြည့်ကာ.. မျက်နှာလေးက ပြုံးနေရာမှ တည်သွားသည်။ ပြီးတော့မှ..
ESTÁS LEYENDO
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Ficción históricaOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...