စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၅၂)
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
'ကောင်းပြီ.. မင်းငါ့ဆီက တောင်း.. မင်းလိုချင်တာ တစ်ခုခု ရှိတယ် ဆိုရင် လွန်ခဲ့တဲ့ နှစ်တွေ အများကြီးမှာ မင်းအတွက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို ငါမတွေးနိုင်ခဲ့ဘူး.. မင်းက ဒီလို တောင်းဆိုမယ် ဆိုတော့.. ကောင်းသွားပြီ.. မင်းလိုချင်တဲ့ အရာကို တောင်းပြီးသွားရင်.. ငါတို့ စေ့စပ်ထားတာလည်း ပြီးသွားပြီ.. မရှိတော့ဘူးလေ..'
ထိုစကားကြောင့် ယီမင် ပြုံးလိုက်မိလေတော့သည်။ ပြီးမှ..
'ငါတောင်းဆိုသမျှကို မင်းလက်ခံမယ်လို့ ငါယူဆလို့ ရမလား..'
'ရတာပေါ့.. သေချာပေါက် မင်းနဲ့ငါရဲ့ စေ့စပ်ထားမှုကို ဖျက်ပစ်ရမှာ..'
'ငါ့မွေးနေ့ပွဲ ပြီးရင်တောင် မင်းကို ငါ လာမတွေ့နိုင်မှာ စိုးရတယ်.. မင်းကောင်းကင်နန်းတော်မှာ လအနည်းငယ်လောက် အလည်လာခဲ့ပါလား..'
မွေးနေ့ပြီးလျှင် လုံစမ်းတို့နှင့် အသက်ဓာတ် ပေါင်းစည်းခြင်းကို လေ့ကျင့်ရမည်မို့.. သူပြောလိုက်တော့.. သူမက ခေါင်းညိတ်လိုက်ပြီးမှ..
'ကောင်းပြီ.. ဒီရက်အတွင်းတော့ ငါ.. ဒီမှာပဲ နေလိုက်အုံးမယ် ပြီးတော့.. ငါ့တူမက ကောင်းကင်နန်းတော်မှာလို့ ပြောတယ် ငါတစ်ခါမှ သွားမတွေ့ရသေးဘူး.. ငါသူ့ကို သွားတွေ့ရအုံးမယ်..'
ထိုစကားတွင်တော့ ယီမင် အနည်းငယ် မျက်နှာပျက်မိသော်လည်း.. ရင်းအော်က အခုချိန်မှာ တခြားသူတွေ ယှဉ်လို့ မရတဲ့ နတ်ဘုရားမ တစ်ပါးမို့ ဘာမှ မပြောတော့ပဲ နေလိုက်သည်။ ပြီးတော့ ငါ မင်းတူမကို စိတ်ထဲမှာ မကြည်ဘူးဟု မပြောလိုပါ။ ထိုစကားတစ်ခွန်း အတွက်နှင့် ရင်းအော်ထံမှ ရရှိထားသော ယုံကြည်မှုကို မဖျက်စီးလိုပေ။ ထို့ကြောင့်.. ယီမင် လက်ထဲက စာရွက်လိပ်တွေကို ချလိုက်ပြီးမှ.. မတ်တပ်ရပ်လိုက်စဉ်.. ကျိုးလျန် နတ်မင်းက.. သားမွှေးယပ်တောင်ငယ်ကို ကိုင်လျက် ရောက်လာ၏။
'ကျိုးလျန် နတ်မင်း.. စိမ့်စမ်းပြာကို အလည်လာတာလား..'
ယီမင်က ပြောလိုက်မှ ရင်းအော် အစ်ကိုနှစ်ကို တစ်ချက်မျှသာ လှမ်းကြည့်မိသည်။ ပြီးမှ..
BINABASA MO ANG
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...