[rencontre d'amour]
(အချစ်နှင့်တွေ့ဆုံခြင်း)//
"Appa သမီးကို ဒီစကားတွေပဲ ထပ်တလဲလဲ ပြောနေတာ မမောသေးဘူးလား။ အဲ့ဒီကိစ္စကို မစဉ်းစားချင်ပါဘူးဆို။ ပြီးတော့ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးတဲ့သူနဲ့ တစ်ဘဝလုံး လက်တွဲသွားဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ဘူးနော် appa "
Ruby Jane သူမ Appaရဲ့လက်ထပ်ခိုင်းတဲ့ ကိစ္စကို ငြင်းဆန်နေရသည်မှာ အကြိမ်ပေါင်း ထောင်သောင်းလဲ မကတော့ပါ။ ကြာလာတော့ သူမလဲ တော်တော်ကိုငြီးငွေ့နေခဲ့ပြီ။ ယောကျ်ားယူဖို့အကြောင်းတွေကိုသာ ပေါက်ပေါက်ဖောက်မတက် ပြောနိုင်လွန်းတဲ့ Appa ကိုလဲ အံ့ဩမိပါရဲ့။ ကိုယ့်သမီးလေး ဒီလိုမျိုး တကိုယ်ထဲ တောက်ပပြီး လှနေတာကို မမြင်ချင်တော့ဘူး ထင်ပါတယ်။
"သမီးအသက်လဲ ကြည့်ဦး။ ၂၅နှစ်ထဲကို ရောက်နေပြီ။ အိမ်ထောင်လေး ဘာလေးပြု မိသားစုလေးနဲ့ပျော်ပျော်ရွင်ရွင်လေးနေပါတော့လား။ တစ်နေ့တစ်နေ့ Company အလုပ်တွေဘဲ ဖိလုပ်နေတာ Appa မကြည့်ရက်တော့ဘူး"
ယောကျ်ားယူရမှာကို အင်မတန်ကြောက်တဲ့ သမီးဖြစ်သူအား ဘယ်လိုဖြောင်းဖြ ဖြောင်းဖြ နားမဝင်ခဲ့ပေ။ တစ်ဦးတည်းသောသမီးဖြစ်တဲ့ Janeလေးရဲ့စိတ်ဆန္ဒကိုလဲ မလွန်ဆန်နိုင်။
"ယောကျ်ားယူရင် ပျော်ရွင်ရမယ်လို့ Appa ကို ဘယ်သူပြောလဲ။ ယူပြီးမှစိတ်ဆင်းရဲနေတဲ့သူတွေ ဒုနဲ့ဒေပါ။ တော်ပြီ Appa ဒီအကြောင်းတွေဘဲ ပြောနေမယ်ဆို သမီး Company သွားတော့မယ်။ မနက်စာလဲ အတူတူမစားတော့ဘူး "
ခက်တယ်။ Jane လေးက အရမ်းခေါင်းမာတာ။ သူ့အမေ ဆုံးပြီးကတည်းက အမေလိုရော အဖေလိုပါ ကိုယ်ကပဲစောင့်ရှောက်ခဲ့ရတာလေ။ မိတဆိုးလေးဆိုပြီး အလိုလိုက်ခဲ့တော့ နည်းနည်း ဂျစ်တီး ဂျစ်ကန်နိုင်ပေမယ့် အရမ်းလိမ္မာတဲ့ သမီးလေးပါ။ အခုချိန်ထိ ရည်းစားမထား အပျော်မရှာဘဲ အပေါင်းအသင်းဆိုလဲ မယ်မယ်ရရမရှိ။
ဥက္ကဌနေရာ လွှဲပေးလိုက်ကာမှ Company အရမ်းအောင်မြင်လာတာသာကြည့်ပေတော့။ တော်ကြာ မဟုတ်တရုတ်နဲ့ ဖူးစာပါသွားမှဖြင့် ရင်ကျိုးနေရမှာစိုးလို့ ကိုယ့်မိတ်ဆွေရဲ့သားနဲ့ လက်ဆက်ဖို့ကိစ္စကို အတင်းတိုက်တွန်းနေရတာ။ သမီးလေးတစ်ယောက်ထဲရှိတာမို့ ဘယ်လိုအကြောင်းနဲ့မှ အမှားအယွင်းမခံနိုင်ဘူး။ ဒါပေမယ့်လည်း ကိုယ်စိတ်ချ လက်ချ ခေါင်းမချခင် Jane လေးကို သင့်တော်တဲ့သူနဲ့အိမ်ထောင်ချပေးပြီး ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံစေဖို့ အိမ်ထောင်ဦးစီးတစ်ယောက်ကတော့ မဖြစ်မနေလိုအပ်တာအမှန်ပဲ။ အခုလိုမျိုး Jane လေးတစ်ယောက်ထဲ အထီးကျန်စွာနေနေရတာကို သူဘယ်လိုမှ မကြည့်ရက်နိုင်ဘူး။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...