"အာ sorry နော် Jane. ငါတို့ဆီမှာက အဲ့လိုနှုတ်ဆက်နေကျဆိုတော့အကျင့်ပါသွားလို့။ Sorry နော် Lalisa shi "
LiLi ကိုကြည့်လိုက်တော့ ခက်ထန်မာကျောနေတဲ့ မျက်နှာနဲ့ ဝမ်းနည်းမှုတွေကိုအတိုင်းသား မြင်နေရတဲ့ မျက်ဝန်းတစုံနဲ့အတူ ကျွန်မကို စိုက်ကြည့်နေတယ်။
သွားပြီ။Miyoon နင်တော့ ပြသာနာ အကြီးကြီးကိုရှာသွားတာပဲ။
" အဲ့တာဆို ငါသွားတော့မယ် See You Jane "
အဲ့ဒီအပြုံး။သူပြုံးပြသွားတဲ့အပြုံးရဲ့အဓိပ္ပါယ်ကို ကျွန်မသိတယ်။အနိုင်ရသွားတဲ့ အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးမျိုး။သူကဘာလဲ။ လူကိုဘလိုင်းကြီးဖဲ့သွားတာ။
" LiLi ကိုယ်ရှင်းပြပါရစေ "
"ရှင်တို့ကဘာတွေလဲ Honey.သူငယ်ချင်းဆိုပြီး အချစ်ဦးဖြစ်ခဲ့ဖူးတဲ့သူလား။ကျွန်မကိုပြောစမ်းပါHoney.သူကျွန်မကိုဘယ်လိုအကြည့်မျိုးနဲ့ကြည့်သွားလဲရှင်သိရဲ့လား။ရှင့်ကိုဖက်လိုက်တဲ့အချိန်မှာရော ကျွန်မဘယ်လိုခံစားနေရမလဲ ရှင်မတွေးမိဘူးမလား။သူကဘာမို့လို့လဲ ဘာလို့ဒီလောက်ရဲတင်းရတာလဲ။ပြော ရှင်ကိုယ်တိုင်ပြောတာကို နားထောင်မယ်။ကျွန်မ ရှင့်ကို ရူးမတက်ချစ်တာ ရှင်အသိဆုံးနော် Honey"
LiLi ရဲ့ မျက်ရည်တွေကိုမြင်နေရခြင်းဟာ ကျွန်မနှလုံးသားကို အက်စစ်နဲ့အပက်ခံလိုက်ရသလို စုတ်ပြတ်သတ်သွားစေတယ်။ပုခုံးကိုထုရိုက်နေရင်း မျက်ရည်တွေကြားထဲကနေ ပြောနေတဲ့စကားသံတွေဟာ အရင်ကလို ချိုမြိန်မှု ရှိမနေတော့ဘူး။
"LiLi ရယ် မငိုပါနဲ့။ကိုယ်နဲ့သူက ဘာမှမဆိုင်ပါဘူး။လွန်ခဲ့တဲ့ ၈နှစ်က ကျောင်းမှာခင်တဲ့သူငယ်ချင်းပါ။ပြီးတော့ လွန်ခဲ့တဲ့ ၅နှစ်လောက်ကပဲ သူ Canada ကိုပြောင်းသွားတယ်။အဲ့နောက်ပိုင်းဘာအဆက်အသွယ်မှလဲမရှိခဲ့ဘူး။ဒီနေ့ Company ကို Designer အသစ်ရောက်မယ်လို့ LiLi ကိုပြောတယ်လေ။အဲ့တာသူဖြစ်နေတာ။ နာမည်ကလဲပြောင်းထားတော့ အစက သူမှန်းမသိခဲ့ဘူး။လူတွေ့စစ်ဆေးတော့မှ သူမှန်းသိတာ။ကိုယ် ကျိန်ပြောရဲပါတယ်။ LiLi တစ်ယောက်ထဲကိုပဲ ချစ်တာပါ "
"အဲ့တာဆို ကျွန်မမေးမယ်။ ချစ်သူတစ်ယောက်လုံးဘေးမှာရှိနေလျက်နဲ့ သူကဘာလို့ ဖက်တာလဲ။ကျွန်မကိုင်ထားတဲ့ ရှင့်လက်မောင်းကိုရော ဘာလို့ ဖြုတ်ချလိုက်ရတာလဲ။ကျွန်မကိုကြည့်တဲ့ အကြည့်ကရော ဘာသဘောလဲ "
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...