26 [prendre toute ma vie aussi]

11.2K 703 76
                                    

[prends ma main、prendre toute ma vie aussi]

...

"LiLi ကိုသိပ်ချစ်မိနေတာမို့ အရမ်းလဲမြတ်နိုးနေမိတာမို့ "

Honey က စကားကိုဆက်မပြောဘဲ ကျွန်မ ဆံပင်လေးတွေကို သပ်တင်ပေးရင်း နဖူးပေါ်သို့ နူးညံခြင်းများစွာနဲ့ အနမ်းတစ်ပွင့်ပေးလာခဲ့တယ်။Honey ကိုစကားပြောရန် ပြင်လိုက်တဲ့အချိန် ကျွန်မနှုတ်ခမ်းပေါ်သို့ လက်ညိုးလေးနဲ့ပိတ်ရင်း Honey ဆက်ပြောလိုက်တဲ့ စကားလေးကြောင့် ခန္ဓာကိုယ်ထဲရှိ အသွေးအသားမှန်သမျှလှုပ်ခါသွားရသည်အထိပင်။

"ကိုယ် အခု LiLi ကို အတ္တကြီးစွာနဲ့ပိုင်ဆိုင်ချင်လာမိတယ်။အဲ့ဒီအတွက်LiLi အဆင်သင့်ဖြစ်ရဲ့လားဟင်"

လေးနက်တဲ့ မျက်ဝန်းတွေနဲ့ Honey ကို စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးတွေ ကွေးညွှန့်သွားသည်အထိ အနူးညံ့ဆုံးပြုံးပြလိုက်မိသည်။

" LiLi အဆင့်သင့်ဖြစ်နေပြီ Honey "

အပေါ်ကနေ အုပ်မိုးထားတဲ့ Honey ကို လည်ပင်းကနေ မျက်နှာနဲ့နီးအောင် အောက်သို့ဆွဲချကာ သိုင်းဖက်လိုက်ပြီး နှုတ်ခမ်းလေးကို ညင်သာစွာ ဖိကပ်လိုက်တော့ ဖြတ်ခနဲ ကျွန်မရဲ့နှုတ်ခမ်းဖျားလေးကို ထိတွေ့သွားတဲ့ Honey ရဲ့လျှာဖျားက နူးညံ့သည့် အထိအတွေ့လေးကြောင့် နှလုံးသွေးတွေ ကျဉ်တက်သွားရတော့သည်။ဒီလိုမျိုး နူးညံ့လှသည့် သာယာမှုမျိုးကို ကျွန်မ သေရင်တောင် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။တဖြေးဖြေးနဲ့ဂါဝန်အောက်ထဲ တိုးဝင်လာတဲ့လက်တစ်စုံကြောင့်တချက်တွန့်သွားမိတော့ Honey က အလေးနက်ထားသည့် ပုံစံမျိုးနဲ့ကျွန်မရဲ့ မျက်နှာကို ကြည့်လာသည်။

"အဆင်ပြေရဲ့လားဟင်။LiLi တကယ်ရော စိတ်ဆန္ဒရှိရဲ့လား"

ဒီလိုမျက်ဝန်းတွေနဲ့မေးလာမှတော့ ကျွန်မက ဘယ်လိုအင်အားမျိုးနဲ့ငြင်းဆန်နိုင်မှာတဲ့လဲ။ကျွန်မ ကိုယ်တိုင်ကလဲ အတိုင်းထက်လွန်စွာ လိုက်လျောပေးချင်နေပြန်တော့

"LiLi ကို Honey ရဲ့အပိုင်ဖြစ်အောင်သိမ်းပိုက်ပေးပါ "

ဘယ်တော့မှရုန်းထွက်လို့မရတော့မယ့် လမ်းကိုကျွန်မတို့နှစ်ယောက်လုံး ရူးမိုက်စွာနဲ့ မဟုတ်ဘူး ဒါကိုရူးမိုက်တယ်လို့ မသုံးနှုန်းဘူး။LiLi ရော ကျွန်မပါ မက်မောတောင်းတစွာနဲ့လိုလိုလားလား ရွေးချယ်ခဲ့ကြတာ။LiLi ရဲ့ မျက်ဝန်းတွေဟာ ဆုံးဖြတ်ချက်ခိုင်မာကြောင်း သက်သေပြနေတာကြောင့် နှုတ်ခမ်းနားဆီသို့ တိုးကပ်သွားပြီး နမ်းရှိုက်မိပြန်တော့ စိတ်ဝိညဉ်နှစ်ခုဟာ ပိုမိုလောင်ကျွမ်းရပြန်တယ်။ကုတင်ဘေးသို့ပုံလျက်ကျသွားတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့အဝတ်အစားတွေကို ကြည့်လိုက်မိတော့ ကြည်နူးမှုတွေက ဒီရေအလား။

Dear ruby,back to meWhere stories live. Discover now