31

7.7K 591 41
                                    

" jeon min ငါခိုင်းထားတဲ့ကိစ္စအဆင်ပြေလား"

" အေး ပြေတယ် "

"အဲ့တာဆို မနက်ဖြန် ငါဖုန်းဆက်တာနဲ့ နင်လှုပ်ရှားလိုက်တော့ "

" Ok miyoon "

"ငါ စိတ်ချမယ်နော်။အသက်မသေရင်ပြီးရော။ကျန်တာ နင်တို့အပိုင်း ကြိုက်သလိုသာလုပ်လိုက်"

"အေးပါ ငါတို့ကလဲ ဒီလိုဂွင်မျိုးကိုစောင့်နေတာ။နင့်ကိုတောင် ကျေးဇူးတင်ရဦးမယ် ဟားဟားဟား "

" မလိုပါဘူး အဲ့တာဆို ဒါဘဲနော် "

" Ok "

ဒါတွေအားလုံးဟာ Company ထဲအထိပါ ရဲတင်းလာတဲ့ နင့်ရဲ့လုပ်ရက်ကြောင့်ပဲ Lalisa.ငါအရမ်းချစ်ရတဲ့သူကို ငါ့မျက်စိရှေ့မှာတင် နင့်အပိုင်ဆိုပြီး အဲ့လိုတွေပြုမူနေတာငါဘယ်လောက်ထိ ခံစားရလဲဆိုတာနင်သိရဲ့လား။နင့်ဘဝကို တစ်စစီ ဆုတ်ဖြဲပစ်မှာမို့ မနက်ဖြန်ဆိုရင်တော့ Game Over ဖြစ်ပါပြီ။ဒီနေ့အတွက်တော့ ပျော်နေကြဦးပေါ့။

ကျွန်မရဲ့လုပ်ရက်တွေဟာ မှားသလား မှန်သလားဆိုတာ မစဉ်းစားချင်ဘူး။မတွေးမိအောင်လဲ အတက်နိုင်ဆုံးနေတယ်။လက်ထဲကိုင်ထားတဲ့ ဝိုင်ခွက်ထဲက လက်ကျန်တွေကို အကုန်မော့ချပြီး ခပ်မဲ့မဲ့ ပြုံးလိုက်မိတယ်။ကျွန်မတစ်ယောက်ထဲသာ တဖက်သတ်ဖြစ်နေခဲ့ရတာ။ Jane ကိုစိတ်တွေဆိုးလိုက် အိပ်ခန်းထဲကသူ့ပုံလေးတွေ မြင်ရင် ပြုံးလိုက် ပြီးရင် စကားတွေပြောလိုက်နဲ့ ကျွန်မတစ်ယောက်ထဲ တခါတလေ အရူးလိုပဲ။

ဟုတ်ပါတယ် ဒီပွဲမှာကျွန်မက ဗီလိန်တစ်ယောက်ပါ။နောက်ကျောကို ဓားနဲ့အထိုးခံလိုက်ရသလို နာကျင်မှုမျိုး ခံစားဖူးတဲ့သူတိုင်းသိလိမ့်မယ်။အချစ်ကြီးရင် အမြတ်ကြီးတယ်ဆိုတဲ့စကားက အလကားမှ မဟုတ်ဘဲ။သူ့ကိုဆက်မချစ်ဖို့စေခိုင်းလို့မရသလို ကျွန်မကိုယ်တိုင်လဲ မုန်းလို့မရနိုင်ခဲ့ပြန်ဘူး။မတက်နိုင်ခြင်းတွေက ဘယ်လိုမှ ရပ်တန့်လို့မရတော့ ဆွဲမိဆွဲရာ လုပ်မိလုပ်ရာ လုပ်ကြရပါတယ်။တကယ်ချစ်မိလာတော့ ဆုံးရံှူးရမှာကို သေလောက်အောင် ကြောက်မိလာတဲ့အခါ အဲ့ဒီလူကို မဆုံးရံှူးရဖို့အတွက် ဘာဖြစ်ဖြစ်လုပ်ပစ်လိုက်ဖို့ ဝန်မလေးတော့ဘူး။

Dear ruby,back to meWhere stories live. Discover now