" ကဲ ဒီနေ့အစည်းအဝေးကတော့ ဒီလောက်ပဲ"
" ဟုတ်ကဲ့ပါ ဥက္ကဌကြီး "
ရုံးခန်းထဲရောက်တော့ Chaeyoung က အနောက်ကနေလိုက်လာပြီး
"Jane နင့်ဖုန်းကို Miyoon လာပေးသွားတယ်။ခုံပေါ်တင်ထားတယ် သိလား "
" အေး အေး "
စားပွဲခုံပေါ်တင်ထားတဲ့ ဖုန်းကို ယူပြီး LiLi ဆီ ဖုန်းဆက်လိုက်တော့ ဆယ်သွယ်မှုဧရိယာပြင်ပ ဆိုတာကြောင့် စိတ်ခုသွားမိသည်။ခါတိုင်းဒီလိုမဖြစ်ဖူးတာကြောင့် ကပြာကယာနဲ့Jisoo ဆီဖုန်းဆက်ကြည့်လိုက်တော့
" Jisoo LiLi ရှိလား "
"အင်းရှိတယ်လေ။ စောနကလေးတင် ကျွန်မနဲ့စကားပြောနေတာ ဘာလို့လဲ Jane "
"တချက်လောက်သွားကြည့်ပေးပါလား။ကျွန်မ ဖုန်းဆက်တာ မရလို့ "
"အင်းအင်း ဖုန်းကိုင်ထားနော် "
LiLi နေများမကောင်းလို့လားမသိဘူး။မနက်ကလဲ ကိုယ်ပူက ကျသေးတာမဟုတ်တော့ စိတ်တွေကအရမ်းပူနေခဲ့တာ။အခုလဲ ဖုန်းကဆက်လို့မရတော့ စိုးရိမ်မူတွေက အတိုင်းထက်အလွန်။
"LiLi အခန်းထဲမှာမရှိတော့ဘူး Jane.ကားသော့ရောပဲ"
"ဘာ LiLi ဘယ်ကိုသွားလဲ ပြောမသွားဘူးလား"
"မပြောဘူး ထွက်သွားတာတောင်မသိလိုက်ဘူး။ဘယ်လိုလုပ်ကြမလဲ။ ကျွန်မ ဒီနားအနီးတဝိုက် လိုက်ရှာကြည့်လိုက်မယ်။ အရမ်းလဲစိတ်မပူပါနဲ့"
"ဒါသွေးရိုးသားရိုးတော့ မဖြစ်နိုင်ဘူး။Miyoon ဟုတ်တယ် သူ့လက်ချက်ဘဲနေမှာ တောက်"
ဖုန်းချလိုက်ပြီး Miyoon အခန်းရှိရာဆီသို့ အမြန်သွားလိုက်သည်။
" ဒုန်း "
တံခါးကိုခြေထောက်နဲ့ဆောင့်ကန်လိုက်ပြီး Miyoon ထိုင်နေတဲ့စားပွဲခုံကို လက်နဲ့ ထုကာ
"Yar ! Miyoon နင် LiLi ကိုဘာတွေပြောလိုက်တာလဲ ဟမ် အခု LiLi ဘယ်မှာလဲ ငါ့ကိုပြော "
အော်သံကြောင့် အခန်းထဲသို့ chaeyoung အပြေးရောက်လာပြီး ကျွန်မလက်ကို ဆွဲလာတော့သည်။
" ဘာဖြစ်ကြတာလဲ Jane "
"LiLi အခု ရှူတင်မှာမရှိဘူး။ငါဖုန်းဆက်တော့လဲ ဆက်သွယ်လို့မရဘူး။Jisoo ကိုမေးတော့ ဘယ်ထွက်သွားလဲမသိဘူးတဲ့။အဲ့တာ သူတခုခုလုပ်လိုက်တာ ငါသိတယ်။Miyoon နင့်ကိုငါမေးနေတယ်လေ LiLi ဘယ်မှာလဲလို့ "
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...