" Jisoo နဲ့တွေ့ပြီးရင် ဘယ်သွားချင်သေးလဲ "
ကားပေါ်ရောက်တော့ LiLi ကို ခါးပတ်ပတ်ပေးရင်း နှုတ်ခမ်းလေးကိုလှမ်းနမ်းကာ မေးရသည်။
"Shopping mall အရင်သွားရအောင်။ ပြီးမှ Lily ကို ခေါ်ဖို့ LiLi အိမ်ကို ပို့ပေးနော် "
" Ok လိုက်ပို့ပေးမယ် "
Jisoo နဲ့ချိန်းထားတဲ့ Coffee ဆိုင်ကိုသာ ဦးတည်ပြီးမောင်းခဲ့လိုက်သည်။
"LiLi ကိုယ့်လက်ကို ဘာလို့ခဏခဏနမ်းတာလဲ"
အိမ်ကနေစထွက်ကတည်းက ကျွန်မရဲ့လက်တစ်ဖက်ကိုကိုင်ထားတာ အခုထိမလွှတ်တဲ့အပြင် ခဏတိုင်း နမ်းနေတာကြောင့် မေးလိုက်မိသည်။
"အရမ်းချစ်လို့ပေါ့။ Honey လက်လေးတွေက တကယ်လှတယ်။အူယားစရာလေး ဟီး "
" အ့ "
ပြောနေရင်းနဲ့ လက်ဖမိုးကိုကိုက်လိုက်တာကြောင့် အော်လိုက်မိတော့ ကလေးလေးက ရယ်နေလေရဲ့။
" အဲ့လောက်တောင် ချစ်တာပေါ့ ကိုယ့်လက်ကို"
"Honey ကိုချစ်တဲ့အချစ်ကိုတော့ ဘယ်မှီပါ့မလဲ"
စကားတွေတက်နေတဲ့ ကလေးလေးကြောင့် သဘောကျစွာ ပြုံးလိုက်မိတော့သည်။အခုလို LiLi နဲ့ ပက်သက်ပြီးသွားတော့ ပိုပြီးရင်းနှီးမှု ရှိလာသလို ပိုပြီးတော့လည်း မြတ်နိုးလာမိသည်။ဒီမိန်းကလေးဟာ ကျွန်မရဲ့ အပိုင်ပါလားဆိုပြီး တမေ့တမော ငေးကြည့်မိရတဲ့ အထိ ကြည်နူးနေရ၏။
" Honey က LiLi ရဲ့အပိုင်ဖြစ်သွားပြီနော်"
"အင်းပေါ့ ကိုယ်က LiLi ရဲ့မိန်းမ ဖြစ်သွားပြီ"
"ဘာလို့လဲမသိဘူး။အခုလေ Honey နဲ့ဆက်ဆံရေးက အရင်ကထက်ပိုပြီး နွေးနွေးထွေးထွေးဖြစ်လာသလို ပိုပြီးလဲမြတ်နိုးလာမိတယ် "
ဟော ကြည့်ပါလား။ ဘယ်လောက်တောင်မှစိတ်ချင်းဆက်လိုက်သလဲလို့။ကျွန်မ အတွေးတွေကို LiLi သိနေတာပဲနေမှာ။နှလုံးသားချင်း ထပ်တူကျနေတာဆိုတော့လည်း မထူးဆန်းပါဘူးလေ။
"LiLi နဲ့ကိုယ်က အရင်ကလိုချစ်သူတွေမှ မဟုတ်တော့တာ။ညကကိစ္စကိုပြန်တွေးကြည့်လေ။ဇနီးမယားဆိုတဲ့ အဆင့်ကိုရောက်သွားပြီဆိုတော့ ပိုပြီးရင်းနှီးမှုရှိလာတာပေါ့ "
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...