41

6.2K 587 34
                                    

[လမ်းခွဲပြီး တစ်နှစ်နဲ့ခြောက်လ ပြည့်သည့်နေ့ ]

....

နေသားမကျခြင်းများစွာနဲ့ အရာအားလုံးဟာ ကျွန်မအဖို့တော့ အသားကျနေခဲ့ပါပြီ။တော်ဝင်မင်းသမီးတစ်ယောက်အဖြစ်နဲ့ လူတွေရဲ့ချစ်ခင်မှုတွေ လေးစားမှုတွေကို အပြည့်အဝရရှိနေခဲ့တယ်။တချို့တွေကတော့ အံ့ဩသွားကြတာပေါ့။အခုဆိုရင် Company လုပ်ငန်းတွေအပြင် လူမှုရေး နိုင်ငံရေးတွေပါ လုပ်လာရတော့ နားချိန်ဆိုတာ တကယ်ကို မရှိတော့ပါဘူး။

ငါးလကျော်လောက်အထိ ဆေးရုံပေါ် အလူးအလဲ ခံစားခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်မ ဘဝကို အသစ်ကနေ ပြန်စဖို့ တဖန် ကြိုးစားခဲ့တယ်။ဟုတ်ပါတယ်။အခုဆို ၂နှစ်ပြည့်တော့မယ်။သူ ကျွန်မကို ထားခဲ့တာ။သူ့ ဘဝထဲကနေ ကျွန်မကို ပစ်ပစ်ခါခါထုတ်ပယ်ခဲ့တာ ၂နှစ်တင်းတင်းပြည့်ပါတော့မယ်။

ကျွန်မကို သတိရနေလား။ကျွန်မကို ချစ်နေတုန်းဘဲလား။ကျွန်မကို တကယ်မုန်းသွားပြီလား။ကျွန်မကို တကယ်ရောမေ့လိုက်နိုင်ပြီလား။သူ တကယ်ရော အဆင်ပြေနေပါရဲ့လား။မိုးလင်းတိုင်း ကျွန်မကိုယ်ကျွန်မ ပြန်မေးမိတဲ့ မေးခွန်းတွေပါ။

သူ ကျွန်မဘဝထဲ မရှိတော့တဲ့နောက်ပိုင်း စာတွေရေးဖြစ်လာတယ်။သူ့ကိုလွမ်းကြောင်း သီချင်းတိုလေးတွေလည်း ရေးဖြစ်လာတယ်။သူ အဆင်ပြေပါစေလို့လဲ ဆုတောင်းပေးမိပါတယ်။ဒါ ကျွန်မကိုယ်ကျွန်မ စိတ်ထွက်ပေါက်ပေးလိုက်ခြင်း တစ်မျိုးပါပဲ။

အင်း သူ အဆင်ပြေနေပါတယ်။အရမ်းကိုအောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်၊ထိတ်ထိတ်ကြဲ တောက်ပနေတဲ့ Model တစ်ယောက်အဖြစ်နဲ့ အရမ်းကိုပျော်ရွင်နေမယ်ဆိုတာ ကျွန်မသိပါတယ်။ဒါပေမယ့်လည်း ကျွန်မကို ပေးထားတဲ့ကတိအတိုင်း သူ တကယ်ရော ပျော်ရွင်နေပါရဲ့လား။

သူကသာ မသိတာပါ။ကျွန်မဆိုတဲ့ Ruby Jane က လူတွေရဲ့အလေးထားမှုတွေကို အပြည့်အဝရရှိခြင်းခံရတဲ့ မိန်းမတစ်ယောက်ဆိုတာ။ပြောသာပြောရတယ်။အခုလက်ရှိ သူတစ်ယောက်ထဲကပဲ ကျွန်မကိုလျစ်လျူရှုပြီးနေနိုင်ခဲ့တာလေ။

ကျွန်မလေ အတက်နိုင်ဆုံး သူ့အပေါ်မှာ အတ္တတွေ မာနတွေမထားမိအောင်နေတယ်။ချစ်တယ်ဆိုတဲ့ စိတ်လေးတစ်ခုကြောင့်ပေါ့။အဲ့လိုလုပ်တော့ ကျွန်မ ဘာတွေပြန်ရခဲ့သလဲ။ချစ်ရသူရဲ့ ဥပေက္ခာတရားတွေ၊အလေးမထားမှုတွေ။ပေါပေါများများပေးလိုက်မိလို့ ကျွန်မရဲ့အချစ်တွေက ဈေးပေါသွားလေသလား။တန်ဖိုးမရှိတဲ့ အရာတခုလိုများ သဘောထားလိုက်လေသလား။အပြစ်မမြင်ရက်ဘူး ကလေးရယ်။ဘယ်လိုမှကို မမုန်းနိုင်တဲ့ နှလုံးသားနဲ့ ကျွန်မပါ။

Dear ruby,back to meWhere stories live. Discover now