" LiLi ထတော့ ၇နာရီ ထိုးနေပြီ "
ကျွန်မကို ဖက်လုံးအမှတ်နဲ့ ခွပြီးအိပ်နေတဲ့ LiLi ကို နိုးနေတာကြာပြီဖြစ်သော်လည်း တစက်ကလေးမှ မလှုပ်ပေ။လည်ပင်းကိုလဲ ဖက်ထားလိုက်တာများ အသက်တောင် မနဲရှူနေရသည်အထိ။
" LiLi ထတော့ဆိုနေ "
ဒီတခါတော့အောင်မြင်ခဲ့ပြီ။နှုတ်ခမ်းလေးကို နှာခေါင်းလေးနဲ့တို့ထိပြီး နိုးလိုက်တော့ လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။
" မိန်းမရေ ထတော့ အချိန်မနဲတော့ဘူး "
" ဘာ မိန်းမလဲ Honey နော် အသားမယူနဲ့ "
"ကိုယ်တို့က စေ့စပ်ပြီးပြီလေ LiLi ရဲ့ "
" အဲ့လိုမခေါ် နဲ့ ရှက်တယ် "
ဟောတော် ရင်ခွင်ထဲကိုမျက်နှာအပ်ပြီး အရှက်သည်းနေပြန်တဲ့ LiLi ရယ်ပါ။
" ကဲပါ ရေသွားချိုးတော့။ ကိုယ်မနက်စာ ပြင်ထားလိုက်မယ် "
" နမ်းပါဦး Honey ရဲ့ "
LiLi ကမျက်နှာလေးမော့ပြီး ပြောလာတာကြောင့် နှုတ်ခမ်းလေးကို နမ်းလိုက်တော့ ပြုံးလာတယ်။
" Honey ကိုအရမ်းချစ်တယ် "
" LiLi ထပ် ကိုယ်ကပိုချစ်တယ် "
LiLi ရေချိုးခန်းထဲ ဝင်သွားမှ ကျွန်မလဲ မီးဖိုချောင်ထဲသွားကာ မနက်စာပြင်ဆင်လိုက်သည်။ကျွန်မပုံစံက မသိရင် အိမ်ရှင်မတစ်ယောက်လို ဖြစ်နေတာကြောင့် ပြုံးလိုက်မိသေးတယ်။ခဏနေတော့ LiLi ပြင်ဆင်ပြီးလို့ အပြင်ထွက်လာမှ ကျွန်မလဲ ရေချိုး အဝတ်အစားလဲကာ LiLi နဲ့ မနက်စာ အတူတူ စားပြီး LiLi ရဲ့ Entertainment ဆီ လိုက်ပို့ရ၏။
"ပွဲက ၁၂နာရီမှ စမှာမလား။LiLi အတွက် ကိုယ် စားစရာတခုခုသွားဝယ်လိုက်မယ်။အထဲဝင်နှင့်နော် "
"အဲ့တာဆို concert လုပ်မယ့်နေရာကိုပဲ လာခဲ့လိုက်တော့လေ။ LiLi က jisoo unnieနဲ့ ခဏနေရင် အရင်သွားရမှာဆိုတော့ Honey ရောက်ရင် ဖုန်းဆက်လိုက်။Unnie ကို လာခေါ်ခိုင်းလိုက်မယ် "
" ဟုတ်ပြီ LiLi အဲ့လိုပဲလုပ်ကြတာပေါ့ "
ကျွန်မ ပါးလေးကိုလှမ်းနမ်းပြီး ကားပေါ်က ဆင်းကာ Entertainment ထဲဝင်သွားသည်အထိ ကြည့်နေပြီးမှ Chaeyoung ဆီဖုန်းဆက်လိုက်သည်။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...