44

6.5K 587 30
                                    

" Lisa ပွဲစတော့မယ်နော် "

" အဆင်သင့်ဘဲ Unnie "

အခုဆို show ပွဲတွေဆက်တိုက် ဆိုနေရသလို ကမ်းလှမ်းလာတဲ့ အလုပ်တွေကြောင့် နားရတဲ့အချိန်ဆိုတာ မရှိတော့ပါဘူး။အဲ့တာ ကျွန်မအတွက်ပိုအဆင်ပြေတယ်။Ruby ကို မလွမ်းမိအောင် အလုပ်တွေကိုသာ ဖိစီးပြီး လုပ်နေလိုက်တယ်လေ။

"Chaeyoung ဗီဒီယို တခုပို့ထားတယ်။ကြည့်ချင်လား "

သေချာပေါက် သေချာပေါက်ကို ကြည့်ရမှာပေါ့။ကျွန်မရဲ့ Ruby ကိုယ်တိုင် ပီယာနိုတီးပြီး သီချင်းဆိုထားတဲ့ ဗီဒီယိုပဲလေ။

" ကျွန်မဖုန်းထဲပို့ထားလိုက်ပါ Unnie "

Lalisa ဆိုတာ Ruby Jane နဲ့လမ်းခွဲပြီးကတည်းက အခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်။အရင်ကလို ကလေးဆန်တဲ့အမူအယာတွေ လုံးဝမတွေ့ရတော့ဘူး။ကာတွန်းတွေမကြည့်တော့ဘူး။တစ်ခါမှ ဝတ်လေ့ဝတ်ထမရှိခဲ့တဲ့ Long-Coat တွေဆိုအမြဲလိုလို ဝတ်ဆင်ခဲ့တယ်။ဘာကြောင့်လဲလို့မေးရင်း Ruby စိတ်ချမ်းသာအောင်လို့ဆိုပြီး အက်ကွဲနေတဲ့အသံတွေနဲ့အတူ ငိုနေတဲ့မျက်လုံးတွေနဲ့ ပြောလေ့ရှိတယ်။သူအားတဲ့အချိန်ဆိုရင် ဒိုင်ယာရီရေးတယ်။ရေးတယ်ဆိုတာကလဲ Ruby Janeကို ဘယ်လောက်ထိ လွမ်းကြောင်းတွေပါပဲ။တစ်ခါတစ်လေ စာရေးနေရင်းနဲ့အရူးတစ်ယောက်လိုအော်ငိုတယ်။ဘေးမှာရှိသမျှပစ္စည်းတွေကို ပေါက်ကွဲပစ်တယ်။အပြုံးအရယ်ဆိုတာလဲမရှိတော့ဘူး။

သူတို့နှစ်ယောက်ရဲ့အချစ်ကိုတော့ ကျွန်မဖြင့် တကယ်လေးစားမိတယ်။ Jane ဆိုလဲ ရူးမသွားရုံတမယ်သာ အသက်ရှင်ခဲ့ရတာလေ။Lisa ကိုဘယ်လောက်တောင်မှ ချစ်ခဲ့လိုက်သလဲ။Jane လိုလူမျိုး ဒီလောကမှာ ရှိနိုင်မှာတောင် မဟုတ်တော့ပါဘူး။Chaeyoung ပြောပြလို့သိရသလောက်ဆိုရင် အခုချိန်ထိ Jane ဟာ Lisa ကိုချစ်နေတုန်း လွမ်းနေတုန်းပဲတဲ့။ပီယာနိုခုံမှာ တစ်နေကုန်အရူးတစ်ယောက်လို ငိုတဲ့နေ့တွေရှိသလို ပန်းခင်းဘေးငိုနေရင်းနဲ့ သတိမေ့သွားတဲ့ နေ့တွေဆိုလည်း မရေမတွက် နိုင်အောင်ပဲတဲ့။ဘယ်လောက်တောင်မှ အချစ်ကြီးလိုက်သလဲ။

နောက်တစ်ခုရှိသေးတာက စကားလုံးဝမပြောတဲ့ လတွေ ရက်တွေလည်း ရှိတယ်တဲ့လေ။

Dear ruby,back to meWhere stories live. Discover now