62

7.8K 584 22
                                    

[Zermatt,Switzerland]

...

အဆက်မပြတ်ကျဆင်းနေတဲ့နှင်းတွေကြောင့် တောင်တန်း တော်တော်များများဟာ ဖြူဖွေးလို့နေပြန်တယ်။အသည်းထဲခိုက်အောင် ချမ်းနေပေမယ့် Honey ရဲ့ ကိုယ်ငွေ့ကြောင့် ကျွန်မ နွေးထွေးနေခဲ့ပါတယ်။Honey က ဒီနေရာကိုလာချင်ပါတယ်ဆိုလို့သာ လိုက်ခဲ့ရတာ ဘာလို့လာချင်မှန်းကျမလဲမသိဘူး။

" Honey နှင်းလျောစီးချင်လို့လား "

"မဟုတ်ပါဘူး cable car စီးချင်လို့။LiLi နဲ့ အတူတူ အဲ့တာအရမ်းစီးချင်တာ "

ဒုက္ခတော့ရောက်ပြီ။ကျွန်မ အမြင့်ကြောက်တာသိရဲ့သားနဲ့ Honey ကတော့ လုပ်ချလိုက်ပြန်ပြီတကယ်ပါပဲ။

"မ မစီးလို့မရဘူးလား Honey ရယ်။စကိတ်ဘဲစီးရအောင်လေ နော် နော် "

LiLi အရမ်းကြောက်နေတယ်ဆိုတာသိပါတယ်။ဒါပေမယ့် Switzerland ရောက်နေမှတော့ ဒါကိုမစီးခဲ့ရင် နောက်ကျအရမ်းနောင်တရနေရမှာ။ပြီးတော့ အခုလို ကိုယ်ချစ်ရတဲ့သူနဲ့ နှစ်ယောက်အတူတူစီးရမယ်ဆိုတော့ ကျွန်မကိုယ်တိုင်လည်း ကြောက်စိတ် အနည်းငယ်ရှိနေပေမယ့် စီးဖူးချင်တဲ့စိတ်ကြောင့်သာ အရဲစွန့်ရတာ။

"LiLi ကလဲ ဘာလို့ကြောက်နေတာလဲ။ကိုယ်တစ်ယောက်လုံး ရှိနေတယ်လေ "

Honey ကစိတ်အားထက်သန်နေတော့လဲ အောင့်အင်းသီးခံကာ ခေါင်းငြိမ့်လိုက်မိတော့တယ်။ချစ်တော့လဲ အလိုလိုက်ရတော့မှာပေါ့လေ။

" အား "

" Honey ရေ LiLi ကြောက်တယ် "

အခုမှ cable car ကား စ,ထွက်ကာစရှိသေးတယ်။ကျွန်မရဲ့ကလေးကြီးက သူ့အရပ်ကြီးမှအားမနာ အော်နေလိုက်တာများ ငယ်သံပါသည်အထိ။

" LiLi ကိုယ့်မျက်လုံးကိုသေချာကြည့် "

မျက်ရည်တွေဝဲပြီး အရမ်းကြောက်နေရှာတဲ့ ကလေးရဲ့ ပါးနှစ်ဖက်ကိုကိုင်ကာ မျက်လုံးချင်းစုံအောင်ကြည့်စေလိုက်တယ်။

"ကိုယ်ရှိတယ်လေ ဘာမှမကြောက်နဲ့။ဟိုမှာကြည့်စမ်းပါဦး ဘယ်လောက်လှလဲ။LiLi အရမ်းသဘောကျတဲ့နှင်းလေးတွေက တောင်တွေကိုဖုံးလွမ်းနေတာ "

Dear ruby,back to meWhere stories live. Discover now