"Jane na ထူးထူးခြားခြားပါလား။ဘာလဲ Appa ကိုသတိရလို့လား "
အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲ စာအုပ်ထိုင်ဖတ်နေတဲ့ Appa က လှမ်းမေးတာကြောင့် အနားကို သွားထိုင်လိုက်မိသည်။
"မေးစရာရှိလို့ လာခဲ့တာပါ "
"မေးလေ သမီးရဲ့ "
"လွန်ခဲ့တဲ့ သုံးနှစ်ကျော်က LiLi ကိုခေါ်ပြီး appa ဘာတွေပြောလိုက်တာလဲ။သူကျွန်မကို ရုတ်တရက်ကြီး လမ်းခွဲခဲ့တာ အကြောင်းတခုခုတော့ ရှိနေမယ်ဆိုတာသိတယ်။အဲ့တာကြောင့် ပြောပြပေးပါ appa "
ကြည့်ရတာ Jane ရိပ်မိသွားပြီထင်ပါတယ်။မထူးတော့ပါဘူးလေ။ အခုဆို Lisa နဲ့ ကတိပေးထားတဲ့ သုံးနှစ်ကလဲပြည့်လို့ ကျော်နေပြီဆိုတော့ Jane လဲ သိသင့်နေပါပြီ။အဲ့ဒီနေ့က Lisa လေးနဲ့ပြောခဲ့သမျှအကြောင်းစုံကို Jane အားဖြစ်ကြောင်းကုန်စင်ပြောပြလိုက်မိတယ်။တချို့တဝက်ကိုတော့ ထိန်ချန်ထားခဲ့လိုက်တာပေါ့လေ။ထို့နောက်မှာတော့ Jane တော်တော်လေး သွေးပျက်သွားပုံရတယ်။သူ့ အမေဆုံးတုန်းကတောင် ဒီလောက်ထိ မျက်ရည်ကျနေတာမျိုး မမြင်ခဲ့ဖူးဘူး။အခုတော့ အသားတွေတုန်ရီနေတဲ့ကြားကနေငိုနေလိုက်တာများ။ Lisaကို တော်တော်လေး ချစ်ပုံရလောက်သည်။
"Appa ရယ် ရက်စက်လိုက်တာ။LiLi ကို ကျွန်မ ဘယ်လောက်ထိတောင် ချစ်ရသလဲဆိုတာ သိရဲ့သားနဲ့တောင်။သေမတက်ခံစားခဲ့ရတာရော Appa သိရဲ့လား။အခုတော့ LiLi ဘယ်လောက်တောင်မှ ခံစားခဲ့ရမလဲ။ ကျွန်မကို ရင်ထဲကမပါတဲ့ စကားလုံးကြမ်းတွေနဲ့ လမ်းခွဲခဲ့ရတာ သူဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်မလဲ"
"အဲ့တာတွေက သမီးတို့နှစ်ယောက်စလုံး ကောင်းဖို့အတွက်ပါ။ရာထူးကိုမယူဘဲ ရှောင်ပြေးနေတာထပ်စာရင် အခုလိုမျိုး တာဝန်ယူခဲ့တော့ တခုခုဆို ပြည်သူတွေက နားလည်ပေးကြမှာ။ထိုက်သင့်သလောက်လည်း သမီးကြိုးစားခဲ့ပြီးပြီလေ။အဲ့လိုမှမလုပ်ရင် သမီးကို ဝိုင်းပြီးအပြစ်တင်ကြလိမ့်မယ်။Appa ကိုစိတ်မဆိုးပါနဲ့ သမီးရယ် "
"အဲ့တာဆို ကျွန်မ အဘိုးနဲ့အဘွားဆီမှာ ခွင့်တောင်းမယ် LiLi နဲ့လက်ထပ်မယ့်ကိစ္စကို။ပြီးတော့ ဒီရာထူးကိုစွန့်လွှတ်မယ် သရဖူကိုပြန်အပ်မယ် "
أنت تقرأ
Dear ruby,back to me
أدب الهواةအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...