63

8K 614 82
                                    

"ဆိုတော့ Lisa က အနုပညာအလုပ်တွေကို တကယ် စွန့်လွတ်လိုက်ပြီပေါ့"

ထမင်းစားဝိုင်းထဲ ယောက်ခမကြီးနှစ်ယောက်နဲ့ ညစာစားနေစဉ် LiLi က အနုပညာအလုပ်ကို ဒီတသက် လုံးဝစွန့်လွတ်တော့မယ်ဆိုပြီး ပြောလိုက်တော့ ကျွန်မ လန့်သွားမိတယ်။စိတ်ထဲမှာ အဲ့ဒီလောကထဲ ပြန်ဝင်မယ်လို့ပဲ တွေးထင်နေခဲ့တာလေ။

"ဟုတ်တယ် မေမေ။သမီး အေးအေးချမ်းချမ်းလေးနဲ့ပဲဘဝကိုဖြတ်သန်းချင်တယ်။Honey နဲ့အတူတူပေါ့"

ဘေးမှာထိုင်နေတဲ့ ကျွန်မ လက်လေးကို လှမ်းကိုင်ကာ အနူးညံ့ဆုံးပြုံးပြရင်း LiLi ကပြောလာတယ်။

" ဒါဖြင့် သမီးက ဘာဆက်လုပ်မှာလဲ "

"အခုသမီးဖွင့်ထားတဲ့ ပန်းဆိုင်နဲ့ကော်ဖီဆိုင်ကိုပဲ ဒီထက်အောင်မြင်အောင်ကြိုးစားမယ်လို့ စဉ်းစားထားတယ် "

"ကောင်းပါတယ်။ မေမေတို့က ငါ့သမီးကိုအနုပညာအလုပ်တွေ လုပ်စေချင်တာမဟုတ်ဘူး။ဘာဘဲဖြစ်ဖြစ်အခုလို ဆုံးဖြတ်လိုက်တာမှန်တယ်။သမီးလဲအသက်အရွယ်ရလာပြီလေ။အခုဆို Janeနဲ့အတူတူ သာယာပျော်ရွင်ဖွယ် အိမ်ထောင်ရေးတခုကိုရရှိထားပြီဆိုတော့ ကိုယ့်ဘဝလက်ဖော်ကိုသာ အချိန်ပေးလိုက်တော့"

"ဟုတ် မေမေ အခုလိုနားလည်ပေးလို့ ကျေးဇူးတင်ပါတယ် "

Jane ယောက်ခမကြီးကို ခေါင်းလေးညွှန့်ပြီး ပြောလိုက်တော့ လက်ကာပြရင်း မလုပ်ရန်တားမြစ်လာတယ်။

"မဟုတ်တာ ငါ့သမီးရယ်။မေမေတို့ကသာ Jane ကိုကျေးဇူးတင်ရမှာ။Lisa ကြောင့် စိတ်ဒဏ်ရာတွေအများကြီးရခဲ့တာကိုတောင် အချစ်တွေပျက်ပြယ်မသွားဘဲ အခုလိုနားလည်မှုရှိနေပေးလို အရမ်းကြည်နူးရတယ်။Lisa ဆိုလဲ လူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်လာပြီလေ။Jane လေးက အထိန်းအသိမ်းတော်တယ်။ရှေ့လျှောက်လဲတစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေး နဲ့ ချစ်ချစ်ခင်ခင်နေကြနော် "

" ဟုတ်ကဲ့ပါ မေမေ "

အပြုံးကိုယ်စီနဲ့ ဒီနေ့ညရဲ့ ထမင်းဝိုင်းဟာ သာယာခဲ့ပါတယ်။ LiLi ရဲ့ဆုံးဖြတ်ချက်ကို တားချင်ပေမယ့် LiLi ကိုယ်တိုင်က မလုပ်ချင်တော့ဘူးဆိုမှတော့ ကျွန်မလဲ ဘာမှမပြောချင်တော့။ဘာဘဲဖြစ်ဖြစ် အဆိုးထဲကအကောင်းပေါ့။LiLi ကိုပွဲတွေက မဖြစ်မနေ ကမ်းလှမ်းလာတဲ့အခါ ကျွန်မမှာ လွတ်သာ လွတ်ရတယ် စိတ်ကမချ။လိုက်သွားချင်ပေမယ့် အဖြစ်သည်းလိုက်တာဆိုပြီး လူတွေရဲ့အပြောကိုမခံချင်တာကြောင့် စိတ်မချခြင်းများစွာနဲ့ လွတ်လိုက်ရတဲ့ အခါတွေလည်း ရှိခဲ့ဖူးတယ်။အခုတော့ပိုအဆင်ပြေသွားတာပေါ့။LiLi  လည်းဘယ်မှလဲသွားစရာမလိုတော့ဘူး။ကျွန်မလဲ စိတ်ဖြောင့်ဖြောင့်နဲ့အလုပ်လုပ်လို့ရပြီ။ဘယ်လောက်တောင်အဆင်ပြေလိုက်သလဲ။

Dear ruby,back to meWhere stories live. Discover now