"ခဏနေဦး Jane အသံကြားရလား။ ဟိုအခန်းထဲမှာထင်တယ် လာ "
အော်သံသဲ့သဲ့ကို ကြားလိုက်ရတာကြောင့် အသံလာရာ အခန်းဘက်သို့ ဦးတည်ကာ အမြန်ပြေးသွားရင်း ရဲတွေက အခန်းတံခါးလော့ကို သံနတ်နဲ့ပစ်ပြီး ဖွင့်လိုက်သည့်အခါအခန်းတံခါးကို ခြေထောက်နဲ့ ဆောင့်ကန်၍ ဖွင့်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းဟာ ကျွန်မအတွက် အရှင်လတ်လတ် ငရဲကျသွားသလို ဦးခေါင်းတည့်တည့် မိုးကြိုးအစင်းတစ်ရာလောက် အပစ်ခံလိုက်ရသလို ခန္ဓာကိုယ်ထဲရှိ အသွေးအသားမှန်သမျှ ဖောက်ထုတ်ခံလိုက်ရသလို ရင်ဘတ်တခုလုံးစုတ်ပြတ်သတ်သွားရတော့သည်။
သေနတ်ပစ်သံနဲ့ တံခါးဖွင့်သံကိုတောင် မကြားရလောက်သည်အထိ အရမ်းကိုတနှာအားကြီးနေတဲ့ လူတစ်ယောက်က LiLi အပေါ်ကနေအုပ်မိုးပြီး အတင်းရုန်းနေတဲ့ LiLi ကို ပါးတွေရိုက်ကာ အင်္ကျီတွေကို အတင်းဆွဲဖြဲပြီး ယုတ်မာနေတာကိုမြင်တော့ ဆူပွတ်လာတဲ့ ဒေါသတွေနဲ့အတူ ဘေးမှာတွေ့တဲ့ သံချောင်းကိုဆွဲယူကာ အဲ့လူဆီအပြေးသွားပြီး ကုတင်ပေါ်ကနေ ခြေထောက်ကို ကိုင်ကာ ဆွဲချလိုက်သည်။မှတ်လောက် သားလောက်ဖြစ်အောင် သံတုတ်နဲ့ ထုရိုက်လိုက်ရင်း ထွက်လာတဲ့ သွေးတွေကို ဥပေက္ခာပြုကာ ထပ်ရိုက်မယ်လုပ်တော့
" Honey ရယ် တော်ပါတော့ လက်လွန်မယ်"
ကုတင်ပေါ်ကနေ ငိုပြီး ပြောနေရှာတဲ့ LiLi ရဲ့အသံကြားတော့မှ သတိဝင်လာပြီး သံချောင်းကို အောက်သို့လွှတ်ချကာ ကုတင်ပေါ်ဆီ အပြေးသွားလိုက်ရသည်။
"LiLi ကလေးလေး ဘာဖြစ်သွားသေးလဲ။ဟာကွာ မကောင်းတဲ့ကောင် မင်းကများ သတ်မယ် ငါမင်းကိုအသေသတ်ပစ်မယ် "
LiLi ကိုရင်ခွင်ထဲထည့်၍ ဖက်ထားရင်းကြည့်လိုက်မိတော့ မျက်နှာတစ်ခုလုံး အရိုက်ခံထားရတာကြောင့် ညိုမဲပြီး ဖူးယောင်နေတဲ့အပြင် ရင်ဘတ်တွေရော ဂုတ်တွေကပါ ရစရာမရှိလောက်အောင်ကို ကုတ်ခြစ်ရာတွေကြောင့် နီရဲကာ သွေးတွေ ထွက်နေတာမြင်တော့ ဒေါသတွေက ဘယ်လိုမှကို ထိန်းချုပ်လို့မရနိုင်တော့ပါဘူး။ကြမ်းပြင်ပေါ် လဲကျနေတဲ့ ထိုလူယုတ်မာဆီ အပြေးသွားပြီး မျက်နှာကို လက်သီးနဲ့ ထိုးကာ ခြေထောက်နဲ့ဆောင့်ကန်လိုက်သည်။
أنت تقرأ
Dear ruby,back to me
أدب الهواةအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...