မျက်နှာပေါ်လှုပ်ရှားနေသည့်အရာကြောင့် မျက်လုံးကို အားယူပြီးဖွင့်ကြည့်မိတော့ ခေါင်းအုံးပေါ် လက်ထောက်ကာ ကျွန်မ မျက်နှာကို လက်ချောင်းလေးတွေနဲ့ ပွတ်သပ် ကျီစယ်နေတဲ့ မနက်ခင်းရဲ့ အလှနတ်သမီးလေး LiLi ...
" နိုးတာကြာပြီလား ကလေးလေး "
"အွန်း ဘယ်လိုပြောရမလဲ။Honey အိပ်ပျော်နေတာကိုကြည့်ချင်လို့ မနက်အစောကြီး ထခဲ့မိတယ်ဆိုပါတော့"
ကြည့် စောစောစီးစီး လူကို ပြုစားနေပြန်ပါပြီ။
" ဘာလို့ကြည့်ချင်တာလဲ "
ပြုံးစိစိမေးလာတဲ့ Honey ကို တစ်ချက်နမ်းလိုက်ရင်း
" မြတ်နိုးစရာကောင်းလို့ "
"အခုတော့ ရေချိုးပြီးအဝတ်အစားလဲတော့နော်။ဒီနေ့အလုပ်တွေများတယ်မလား "
" အင်း အဲ့တာဆို LiLi ရေချိုးတော့မယ်နော် "
"ကိုယ် LiLi ဝတ်ဖို့ အဝတ်အစားထုတ်ပေးထားမယ်"
"အလိုက်သိလွန်းတဲ့ ကျွန်မရဲ့ချစ်သူလေး။အရမ်းချစ်တယ်"
နှုတ်ခမ်းလေးကို ထပ်နမ်းပြီး ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲသို့ ဝင်သွားတဲ့ LiLi ကြောင့် ကျွန်မမှာ ရင်တွေခုန်ပြီး ကျန်ခဲ့ရပြန်ပါတယ်။ LiLi အတွက် လုံလုံခြုံခြုံရှိစေမယ့် အဝတ်အစားကို သေချာရွေးပြီး ကုတင်ပေါ်တင်ပေးထားလိုက်သည်။မနက်စာကို ကိုယ်တိုင် ပြင်ပေးချင်တာကြောင့် မီးဖိုချောင်ဆီ သွားလိုက်ကာ LiLi အတွက် အစာကြေလွယ်စေမယ့် အစားအသောက်များကို ခပ်မြန်မြန်ချက်ပြုတ်စေရသည်။
ဟိုတနေ့က အပြင်စာစားပြီး အစာမကြေ ဖြစ်တုန်းကဆို ကျွန်မမှာ အရူးမီးဝိုင်းသလိုပဲ။အဲ့နောက်ပိုင်းတွေဆို မာတဲ့အစာတွေ မစားမိအောင် ကျွန်မမှာ အမြဲဂရုစိုက်နေရတာလေ။ခဏနေတော့ LiLi အဝတ်အစားလဲပြီး အပြင် ပြန်ထွက်လာတယ်။
"LiLi ကိုယ် မနက်စာ ပြင်ထားတယ်။စားလိုက်ဦးနော်"
"Honey ကလဲ အပင်ပန်းခံပြီးတော့ အပြင်မှာ ဝယ်စားလဲရနေတာကို "
"နောက်ဆို အပြင်စာ မစားရပါဘူး။ကိုယ် ကိုယ်တိုင်ချက်ကျွေးတာဘဲ စားရမယ်။ကလေးလေး ဗိုက်အောင့်ရင် ကိုယ့်ရင်ထဲ မသက်မသာ ဖြစ်ရလွန်းလို့ တကယ်အဆင်မပြေဘူး "
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...