"အဲ့တော့ ဒီမိန်းကလေးက မြေးရဲ့ချစ်သူပေါ့ "
Honey ရဲ့ အဖွားဖြစ်သူက ကျွန်မကိုကြည့်ရင်းမေးလာသည်။
"ဟုတ်ပါတယ် ဘွား "
"အခုမှ လာနှုတ်ဆက်ရတဲ့အတွက်တောင်းပန်ပါတယ် ဘိုးနဲ့ဘွား။ကျွန်မ နာမည်က Lalisa ပါ "
ခါးလေးညွတ်ကာ နှုတ်ဆက်လိုက်တော့
"မြေးထက် အတော်ငယ်မယ့်ပုံပဲ။သမီးအသက်ဘယ်လောက်လဲ "
" .. နှစ် ပါ အဘွား "
"အဘွား အကြောက်ဆုံးအရာရှိတယ်။ပြောပြရမလား "
ကျွန်မနဲ့ Honey က ခေါင်းလေးငြိမ့်ပြတော့
"Jane လေး ယောကျ်ားယူသွားမှာ။အိမ်ထောင်ပြုသွားမှာကို အရမ်းကြောက်ခဲ့ဖူးတယ်။သူ့အမေလို ဖြစ်လာမှာကို စိုးရိမ်နေမိလို့လေ။ဒါပေမယ့် အခု Jane လေး ရဲ့ချစ်သူက မိန်းကလေးတစ်ယောက်ဆိုတော့ အဘွား အရမ်းပျော်မိတယ်။သဘောလဲတူတယ် "
သဘောတူတယ်တဲ့လေ။Honey မျက်နှာကိုကြည့်လိုက်တော့ "ပြောသားပဲ "ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်ပြလာတယ်။ကြည့်ရတာ သူ့အဘွားရဲ့စိတ်ကိုကြိုသိနေပုံပါပဲ။တပြိုင်ထဲမှာပဲ အရှေ့မှာထိုုင်နေတဲ့ အဘွားကို အနွေးထွေးဆုံး ပွေ့ဖက်မိပြန်တယ်။
"ကျေးဇူးတင်ပါတယ် အဘွားရယ်။အခုလို သဘောတူပေးလို့ တကယ်ကိုကျေးဇူးတင်ပါတယ် "
ပြောရင်းနဲ့ ငိုမိသွားတာကြောင့် အဘွားက မျက်ရည်တွေကိုသုတ်ပေးကာ
"မြေးရဲ့ချစ်သူက အပြစ်ကင်းလိုက်တာကွယ်။ကြည့်ပါဦး ငိုနေလိုက်တာများ "
အဘွားက ကျွန်မရဲ့ မျက်ရည်တွေကို သုတ်ပေးနေရင်း နှစ်လိုဖွယ်ပြုံးပြကာ ခေါင်းလေးကိုပုတ်ပြီး နှစ်သိမ့်ပေးလာတယ်။တကယ် တကယ်ကို ပျော်လွန်းလို့ ကျလာရတဲ့မျက်ရည်တွေပါ။Honey တို့လို မျိုးနွယ်တွေက ကျွန်မတို့ရဲ့ပတ်သက်မှုကို လက်ခံ သဘောတူလိမ့်မယ်လို့ အိမ်မက်ထဲမှာတောင် ထည့်မတွေးမိပါဘူး။အခုတော့ ကျွန်မကို ဝမ်းပန်းတသာနဲ့ ကြိုဆိုတဲ့အပြင် အဘွားရဲ့နွေးထွေးလှတဲ့ လက်တစုံရဲ့ ပွေ့ဖက်မှုကိုပါ ခံရတော့ အတိုင်းမသိကို ပျော်ရွင်နေရပါတယ်။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...