19

9K 647 20
                                    

"LiLi ဘာလက်ဆောင်လိုချင်လဲ။ကိုယ့်ကလေးလေးက Solo Album တောင် ထုတ်တော့မှာဆိုတော့ ဂုဏ်ပြုရမယ်လေ "

"လက်ဆောင်တွေ မလိုပါဘူး Honey ရယ်။အခုလို LiLi ဘေးမှာ ရှိနေပေးပြီး ချစ်ပေးနေရင် ရပါပြီ။တကယ်လို့ အရမ်းပေးချင်နေတယ်ဆိုရင် LiLi ကိုလက်ထပ်ပေးပါ Honey "

LiLi စကားကြောင့် မျက်လုံးတွေရော မျက်ဆံတွေပါ ပြူးကျယ်ကုန်ရသည်။

"LiLi ကိုယ့်ကို အဲ့လောက်တောင် လက်ထပ်ချင်နေတာပေါ့ ဟုတ်လား "

ကလေးမဆန်ချင်ဘူးဆိုပေမယ့် Honey ကို စိတ်မချတော့သည့် ပူပန်မှုတွေဟာ လူကို အနိုင်ယူသွားတော့သည်။ဟိုတစ်ယောက်က ဘယ်လိုနည်းလမ်းတွေနဲ့ယုတ်မာဦးမလဲဆိုတာ တပ်အပ်မပြောနိုင်ဘူးလေ။စနိုက်ကျော်တွေ ပေါများနေတဲ့ခေတ်မျိုးထဲမှာ ချစ်ရသူကို သူများလက်ထဲမရောက်ခင် လက်ဦးမှု ယူထားမှ တော်ရာကျမယ်မဟုတ်ပါလား။

"အင်းပေါ့ အခုလို ခွဲနေရတာ မနေချင်တော့ဘူး။လက်ထပ်ရအောင်နော် Honey "

LiLi နဲ့တော့ ခက်၏။ကျွန်မကလဲ လက်ထပ်ချင်တာမှ တပိုင်းကိုသေလို့။LiLi သာ idol တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် အခုချက်ချင်းတောင် လက်ထပ်ယူချင်တာ။

"LiLi ရယ် ကိုယ့်ကိုစိတ်မကောင်းဖြစ်အောင် ပြောနေပြန်ပြီ။ ကိုယ်ပြောတာသေချာနားထောင်။LiLi ရဲ့ Solo Album ထွက်ပြီးရင် ကိုယ့် appa နဲ့မိတ်ဆက်ပေးမယ်။ ပြီးရင် LiLi မိဘတွေနဲ့ ကိုယ်လိုက်တွေ့မယ်။နှစ်ဖက်မိဘတွေရဲ့ သဘောတူကြည်ဖြူမှုကိုရမှ ကိုယ်တို့ စိတ်အေးရမှာလေ နော်။LiLi ကို မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားတယ်ဆိုတာ မိဘတွေသိအောင် ကိုယ်ကိုယ်တိုင်ပြောပြချင်တယ်။လက်မထပ်သေးရင်တောင် အရင်ဆုံး စေ့စပ်ထားမယ်လေ။ဘယ်လိုလဲ။ကိုယ်ပြောတာ သဘောတူလား "

ဝမ်းသာလုံးစို့တဲ့ မျက်ရည်ဆိုတာဒါမျိုးနေမှာ။Ruby ဆိုတဲ့ ကျွန်မရဲ့ Honey က အရမ်းကို လူကြီးလူကောင်းဆန်ပြီး ရင့်ကျက်လွန်းနေတယ်မဟုတ်ပါလား။ဘဝမှာ ဒီလိုမျိုးချစ်သူကို ပိုင်ဆိုင်ရမယ်လို့ အိမ်မက်ထဲတောင် ထည့်ပြီးမမက်ခဲ့ဖူးပါဘူး။လူအများရဲ့ ကဲ့ရဲ့ခြင်းကို ခံရမယ်ဆိုရင်တောင် ကြောက်ရွံခြင်းမရှိဘဲ Ruby Jane ကိုသာ ရွေးချယ်မိမှာ။

Dear ruby,back to meWhere stories live. Discover now