30

8.6K 629 45
                                    

" LiLi ထတော့လေ။ ရှုတင် ရှိတယ်မလား "

ညက appa ဆီကအပြန် မိုးချုပ်သွားတာကြောင့် အဝတ်အစားတောင် မလဲနိုင်ဘဲ အိပ်ပျော်သွားရှာတဲ့ ကျွန်မရဲ့နှစ်ယောက်မရှိတဲ့ ကလေးလေးရယ်ပါ။

" LiLi "

နှာခေါင်းလေးနဲ့ပွတ်သပ်ပြီးနှိုးလိုက်တော့ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

" ထတော့ဆို အိပ်ပုတ်လေး"

"အင်း Honey ကလည်း ငါးမိနစ် ငါးမိနစ်ပဲ"

" မရဘူး လာ ကိုယ်မျက်နှာသစ်ပေးမယ် "

" ချီသွား "

စောင်ကြားထဲကနေ လက်လေးနှစ်ဖက်ဆန့်ပြီး ကလေးတစ်ယောက်လိုချွဲနေတဲ့ LiLi ဘေးနားကိုသွားကာ နဖူးလေးကို နမ်းလိုက်ရင်းနဲ့ ရေချိုးခန်းထဲသို့ ပွေ့ချီ၍ ခေါ်သွားရပြန်တယ်။

" အာာ ပါးစပ်ဟ့ "

သွားတိုက်ပေးပြန်တော့လဲ မျက်လုံးကမပွင့်။ဒီလောက်ထိချစ်ဖို့ကောင်းနေရင် ရှေ့လျှောက် ကျွန်မနှလုံးသားလေးအတွက်တော့ စိုးရိမ်စရာပါပဲ။

"အဝတ်အစားလဲထားနော်။ကိုယ်မနက်စာပြင်ပြီးရင် လာခေါ်မယ် "

" LiLi ကိုနမ်းပါဦး Honey ရဲ့ "

တကယ် ဘုရားစူးပါ။LiLi ဆိုတာ ကျွန်မရဲ့ ကုသလို့မရနိုင်တော့တဲ့ ကင်ဆာလေး။

" Aigoo အချွဲလေး "

ကုတင်ပေါ်ထိုင်နေတဲ့ LiLi ကို ခါးလေးကိုင်းကာ ငုံ့နမ်းလိုက်ရသည်။

"လုံလုံခြုံခြုံဝတ်နော်။အဟိုက်တွေ အပြဲတွေအကွဲတွေ လုံးဝမဝတ်ရဘူး"

" အင်းပါ Honey ရဲ့ "

အောက်ထပ်ကို ဆင်းလာပြီး မနက်စာပြင်ဆင်ရင်းနဲ့ ရှုတင်ကျရင် စားဖို့ပါ lunch box ထဲသေချာထည့်ပေးနေမိတော့ ပြုံးနေမိပြန်တယ်။ကျွန်မအဖြစ်က မူကြိုပို့ရမယ့် ကလေးငယ်တစ်ယောက်ကို ပြင်ဆင်ပေးနေရသလိုဖြစ်နေတာကြောင့်လေ။အားလုံးပြီးပြီဆိုတော့မှအောက်ထပ်မှာပဲ ရေချိုးလိုက်ပြီး အဝတ်အစားလဲရန် အပေါ်ထပ် တက်ခဲ့လိုက်ရ၏။

" LiLi ပြီးပြီလား "

မှန်တင်ခုံရှေ့ ခေါင်းဖီးနေတဲ့ LiLi နားကိုသွားကာ

Dear ruby,back to meWhere stories live. Discover now