"ကိုယ့်ရဲ့ ချစ်သူတစ်ယောက်အဖြစ် နေပေးနိုင်မလား LiLi "
အခု Ruby က ကျွန်မကို ချစ်ရေးဆိုနေတာလား။ကျွန်မ ဘာလုပ်ရပါ့မလဲ။ရင်တွေခုန်တာ သေတော့မလိုပါပဲ။
" ချစ်တယ် LiLi "
စကားတွေပြောချင်ပေမယ့် နှုတ်ကထွက်မလာ။ပျော်ရွင်မှုဆိုတဲ့ အစိုင်အခဲက ရင်ဘတ်ထဲ စို့နစ်နေသလိုပဲ။ကျွန်မ မျက်ဝန်းတွေကို Ruby သာ ဖတ်တက်ရင် အရမ်းကောင်းမှာ။
"LiLi မဖြေချင်လဲ ရပါတယ်။မကြားခဲ့ဖူးသလိုပဲ သဘောထားလိုက်နော်။ကိုယ်က အဲ့လိုပဲ "
ဟန်ဆောင်အပြုံးတွေနဲ့ ရယ်ပြီးပြောနေပေမယ့် စကားသံတွေ တဖြေးဖြေးချင်း တိမ်ဝင်သွားသည်ကို ကြည့်လိုက်သည့်အခါ Ruby ကငိုနေတာ။ ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိပြီးတော့ကို ငိုနေတာ။ကျွန်မလေ ဒီမိန်းကလေးကို ချစ်လိုက်တာလို့ တွေးလိုက်မိတဲ့ အခိုက်အတန့်လေးပါပဲ။
" ချစ်တယ် Ruby "
ချစ်တယ်တဲ့။ကျွန်မကို LiLi က ချစ်တယ်လို့ ပြောလိုက်တာလား အခု။ကျွန်မရဲ့ပန်းလေးက ချစ်တယ်လို့ပြောတာများလား။
" LiLi ကိုယ့်ကို တကယ်ပြောနေတာလား"
"ချစ်ပါတယ်ဆို။ချစ်တယ် အရမ်းချစ်တာပါဆိုနေ"
ပြောရင်းနဲ့ ကလေးငယ်တစ်ယောက်လို တအီးအီးနဲ့ ငိုနေတဲ့ LiLi ကြောင့် ကျွန်မမှာ နှလုံးသားအပြင် အသွေးအသားတွေ အထိပါ ပြာယာခက်သွားရတော့သည်။
"မငိုပါနဲ့ ကလေးရယ် "
ငိုကြွေးနေတဲ့ ပန်းလေးကို ရင်ခွင်ထဲဆွဲထည့်ကာ ဆံနွယ်လေးတွေကို တယုတယနဲ့ သပ်တင်ပေးရင်း Ruby Jane နမ်းရှိုက်လိုက်မိသည်။တဖန် ကျွန်မရဲ့နှလုံးသားရှိရာဆီသို့ အနမ်းလေးတစ်ပွင့် သယ်ဆောင်လာပြန်တဲ့ LiLi.ရင်ခွင်ထဲက LiLi ကို အသာထုတ်ကာ မျက်နှာလေးကို အမြတ်တနိုးငေးကြည့်ရင်း ကျဆင်းနေတဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်မိသည်။
"ကြည့်ပါဦး ကိုယ့်ရဲ့လီလီပန်းလေးက အခုကျ ညစ်ပတ်အိုးလေးဖြစ်နေပါလား "
ထိုသို့ နောက်တောက်တောက်ပြောလိုက်တော့ LiLi ဆိုတဲ့ကျွန်မရဲ့ ပန်းလေးက မျက်စောင်းလှလှလေးတွေ ထိုးလာပြန်ပါတယ်။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...