မျက်နှာပေါ်ကနေ လည်ပင်းဖြူဖြူလေးတွေဆီသို့ စီးဆင်းနေတဲ့ ချွေးစတွေကို လက်လေးနဲ့အသာအယာ ဖယ်ရှားပေးကာ လေနဲ့မှုတ်ပေးလိုက်တော့ မှေးစင်းနေတဲ့ LiLi ရဲ့ လှပလွန်းလှတဲ့ မျက်တောင်ရှည်လေးတွေဟာ တဖြေးဖြေးချင်း ဖွင့်ကြည့်လို့လာတယ်။
" LiLi ရေသွားချိုးတော့နော် "
" Honey ကရော "
"ကိုယ်မနက်စာပြင်ပြီးမှ အခြားအခန်းမှာ ချိုးလိုက်မယ်။ကြာနေမှာစိုးလို့ "
"အဲ့တာဆို LiLi ရေချိုးနှင့်မယ်နော် "
ကျွန်မ နှုတ်ခမ်းလေးကို နမ်းပြီး စောင်လေးပတ်ကာ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ LiLi ကို မျက်နှာထက် အပြုံးများစွာဖြင့် ငေးကြည့်နေရသေး၏။အိပ်ယာပေါ်က ထပြီး စောင်တွေခေါက်ရန် ယူလိုက်တော့ အရောင်နုနု အိပ်ယာခင်းပေါ်က အကွက်တချို့ကိုမြင်ပြီး Ruby Jane လန့်သွားရတော့သည်။
လန့်သွားတယ်ဆိုပေမယ့်လည်း ကျေနပ်နေမိတာကို မျက်နှာပေါ်က အပြုံးတွေက လိမ်ညာလို့မရနိုင်။LiLi ဟာ ကျွန်မအပိုင်ဖြစ်သွားပြီဆိုတဲ့အတွေးကြောင့် ထိုအကွက်လေးတွေကို အမြတ်တနိုးနဲ့ငေးကြည့်နေမိပြန်တယ်။မိန်းကလေးတစ်ယောက်အတွက် အရေးကြီးလှတဲ့အရာကိုတောင်မှ တွေဝေခြင်း အလျင်မရှိဘဲ လိုက်လျောတယ်ဆိုကတည်းက LiLi ကျွန်မအပေါ်ထားရှိတဲ့ အချစ်တွေ ယုံကြည်မှုတွေကို အရှင်းသားသိမြင်လိုက်ရပါတယ်။အရမ်းမြတ်နိုးရတယ်။ထိုမိန်းကလေးဟာ ကျွန်မရဲ့ဘဝတခုလုံးဆိုတာ ချွင်းချက်မရှိသေချာပါတယ်။
မနက်စာပြင်ဆင်ပြီးတော့ ရေချိုးရန်အောက်ထပ်ကအခန်းတခုထဲဝင်ခဲ့လိုက်ပြီး ရေချိုးနေရင်းနဲ့တောင် LiLi အကြောင်းတွေ တွေးမိပြန်တော့ အရူးတစ်ယောက်လို ပြုံးနေရပြန်တယ်။LiLi ဆိုတဲ့ဒီလူသားလေးဟာ ကျွန်မအတွက်တော့ ကုသလို့မရနိုင်တဲ့ ရောဂါတစ်ခုလိုပဲ။
...
အဝတ်အစားလဲပြီး အောက်ထပ်ကို ဆင်းလာတော့ Honey ကိုမတွေ့။ရေချိုးနေတယ်ဆိုတာသိလိုက်တာကြောင့် ပြင်ထားတဲ့မနက်စာကို ပြန်နွေးလိုက်ပြီး ပီယာနိုအခန်းဆီသာ သွားလိုက်မိတယ်။ဒီအခန်းမှာ ကျွန်မရဲ့စိတ်တွေကို ဆွဲဆောင်လွန်းတဲ့ အရာတွေ ရှိနေတာပဲနေမှာ။လက်ချောင်းလေးတွေကို လှုပ်ရှားပြီး စတင်တီးခတ်လိုက်တော့ သာယာငြိမ့်ညောင်းလှတဲ့ သံစဉ်တွေဟာ အိမ်ထဲကိုပျံ့လွင့်လို့သွားခဲ့တယ်။
VOCÊ ESTÁ LENDO
Dear ruby,back to me
Fanficအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...