45

7.7K 617 177
                                    

Honey ကျွန်မကို အရင်ကပေးထားတဲ့ ကဒ်နဲ့ ခြံတံခါးကိုဖွင့်ကာ ဝင်ခဲ့လိုက်သည်။အိမ်ထဲ ဝင်လာလိုက်သည့်အခါမှာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပါးစပ်ကိုလက်နဲ့ အုပ်ရသည်အထိ အရမ်းအံ့ဩသင့်သွားရတော့၏။

ကျွန်မရဲ့ပုံတွေကို နံရံတွေမှာ ချိတ်ဆွဲထားလိုက်တာများ။စင်ပေါ်မှာ သီချင်းဆိုနေတဲ့ပုံတွေ၊ဆုယူနေတဲ့ပုံတွေ၊Honey နဲ့ ဒီအိမ်ထဲမှာအတူတူနေခဲ့တုန်းက ကျွန်မပီယာနိုတီးနေတဲ့ပုံကို ပုံကြီးချဲ့ပြီးတော့ ချိတ်ထားသေးတာ။ပြီးတော့ Honey နဲ့ လမ်းခွဲပြီးနောက်ပိုင်း ကျွန်မ ပြုံးရယ်နေတဲ့ပုံတွေဆိုတာ အများကြီးပါပဲ။ဒါဆို Honey ကျွန်မအနားမှာ အမြဲတမ်းရှိနေပေးခဲ့တာပေါ့။ကျွန်မကို အဝေးကနေစောင့်ရှောက်ပေးနေခဲ့တာပေါ့။

အရင်က ပန်းချီကားတွေနေရာမှာအခုဆိုရင် ကျွန်မရဲ့ပုံတွေကသာ နေရာယူထားသည်ကို မြင်တော့ မျက်ရည်ကျမတက် အရမ်းကိုပျော်ရွင်သွားရတော့သည်။

အိမ်ထဲကနေဖြတ်လျှောက်ရင်း ပန်းခင်ရှိရာဆီသို့ ရင်ခုန်စွာဖြင့် ဦးတည်လိုက်မိသည်။လှမ်းမြင်နေရတဲ့ Daffodil ပန်းခင်းနဲ့Lily ပန်းခင်းဟာ အရင်ကထက်ပိုပြီး လှပနေတာမြင်တော့ ကြည်နူးရပြန်တယ်။

ကျွန်မတို့အရင်က အတူတူထိုင်ခဲ့ဖူးတဲ့ ရေကန်ရှေ့က ခုံတန်းလျားအဖြူလေး နားရောက်တော့ ခြေလှမ်းတွေကို ရပ်တန့်လိုက်မိသည်။ခုံပေါ်မှာ ပလက်လေးလှန်ကာ စာအုပ်ကို ရင်ဘတ်လေးပေါ်တင်ပြီး မျက်လုံးတွေကို မှိတ်ထားတဲ့ ကျွန်မ ရူးမတက်လွမ်းနေခဲ့ရတဲ့ Ruby ရဲ့ပုံရိပ်လေး။

အနားသို့ဖြေးဖြေးချင်းလျှောက်သွားကာ Honey နားရောက်တော့ ဒူးလေးထောက်ချလိုက်ပြီး မျက်နှာလေးကို လက်ချောင်းလေးတွေနဲ့ ကိုင်ကြည့်နေမိသည့်အခါ မျက်ရည်တွေဟာလဲ အသွင်သွင် ကျဆင်းလို့လာပြန်တယ်။ရင်ဘတ်ပေါ်က စာအုပ်လေးကို အသာအယာယူစေပြီး ဖတ်ကြည့်လိုက်စဉ် အရမ်းအံ့ဩသင့်ကာ အသံမထွက်မိအောင်ပါးစပ်ကို လက်နဲ့ပိတ်ရင်း အသံတိတ်ငိုကြွေးနေမိတော့သည်။

ကျွန်မကို ဘယ်လောင်ထိလွမ်းနေတဲ့အကြောင်းတွေ၊ဘယ်လောက်ထိချစ်တဲ့အကြောင်းတွေကို စာမျက်နှာတိုင်းလိုလိုမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ရေးထားတာမြင်တော့ ရင်ထဲ ဆို့နင့်လာရတယ်။ရက်စက်စွာထားရစ်ခဲ့တဲ့ ကျွန်မကို အပြစ်ဆိုထားတဲ့စာလုံး တစ်လုံးမှမပါတဲ့အပြင် သူ့ဆီပြန်လာခဲ့ပေးဖို့ ရေးထားတာမြင်ရတော့ အရမ်းကိုပျော်ရွင်ရပါတယ်။

Dear ruby,back to meWhere stories live. Discover now