24

8.9K 661 41
                                    

"ကြက်ဥတွေနဲ့ဆိုတော့ မဟုတ်မှ"

LiLi က fan တွေကိုနှုတ်ဆက်ရင်းနဲ့ သူ့နားရောက်ခါနီး ကျွန်မမှာအလန့်တကြားနဲ့

" LiLi သတိထား !!"

ကျွန်မအော်သံကိုကြားတော့ LiLi ရော Fan တွေကပါ လှည့်ကြည့်လာကြပြီး ဟိုတစ်ယောက်က ကြက်ဥတွေနဲ့ပစ်ပေါက်ရန် လက်ကို အပေါ်မြောက်လိုက်တဲ့အချိန် အမြန်ပြေးသွားလိုက်သည့်အခါ LiLi အရှေ့ကနေ ကာလိုက်တာကြောင့် ကျွန်မရဲ့ဆံပင်တွေရော အင်္ကျီတွေကပါ ကြက်ဥတွေနဲ့ ပေကျန်ကုန်ရသည်။Fan တွေကတော့ အရမ်းအံ့ဩကာ ကျွန်မတို့ကို ကြောင်ကြည့်နေကြပေမယ့် စောနကတစ်ယောက်ကတော့ ဘယ်ရောက်သွားတယ်မသိလိုက်။

" Honey ရယ် ဘာလို့ကာပေးရတာလဲ "

LiLi ကကျွန်မ မျက်နှာကို လက်ဖဝါးလေးနဲ့ကိုင်ကာ မျက်ရည်တွေဝဲပြီး စိုးရိမ်တကြီးပြောလာရှာတယ်။ဆူဆူညံညံဖြစ်လာတဲ့ Fan တွေကြောင့် လုံခြုံရေးတွေရောက်လာပြီး LiLi နဲ့ကျွန်မကို ကားနားထိ အကာအကွယ်ပေးရင်းနဲ့ခေါ်သွားပေးကြတယ်။Fan တွေကတော့ စိတ်ပူတဲ့အသံတွေနဲ့လှမ်းအော်နေတာပေါ့။အဲ့တစ်ယောက်က Miyoon ဆိုတာသေချာပါတယ်။သူ ဘာလို့ဒီလိုလုပ်ရတာလဲ။အရမ်းကို သရုပ်ပျက်လွန်းအားကြီးတယ်။ဒီလောက်လူတွေအများကြီးရှိနေတာတောင် LiLi ကိုအရှက်ခွဲချင်နေတာ မြင်လို့တောင်
မကောင်းဘူး။

...

ကားထဲရောက်သည့်အခါ LiLi က စိုးရိမ်တကြီးနဲ့ လူကို စိုက်ကြည့်လာသည်။

" Honey အင်္ကျီချွတ် "

" ဟင် "

"ဟာ ဒီလောက်ပေပွနေတာကို မချွတ်ပဲ ဘာလုပ်မှာလဲ "

မျက်ရည်တွေကြားထဲကနေ စိတ်တိုနေတဲ့အသံနဲ့ LiLi ကအော်ပြောလာတော့သည်။

" အင်းပါ "

ကြက်ဥတွေနဲ့ ပေကျံနေတဲ့အင်္ကျီချွတ်ကာ LiLi ပေးတဲ့ T-shirt ကို ဝတ်လိုက်ရတယ်။

" အဲ့တာ Miyoon မလား "

" LiLi ဘယ်လိုသိတာလဲ "

"ရောက်ကတည်းက သတိထားမိတယ်။သူ့လက်ထဲမှာ ကြက်ဥတွေပါတာလဲ သိတယ်"

"LiLi ရယ် အဲ့တာကိုများ ဘာလို့ သူ့အနားသွားရတာလဲ"

"သူဘာလုပ်မလဲသိချင်လို့။ ဒီလောက် Fan တွေ အများကြီးကြားထဲကို သူ့မို့လို့ မကြောက်မလန့်လုပ်ရဲတာ အရမ်းအံ့ဩတယ် "

Dear ruby,back to meWhere stories live. Discover now