35 [My precious person]

9.9K 697 111
                                    

[Ma précieuse personne]

...

ရေချိုးခန်းထဲဝင်ကာ ရေဇလုံထဲသို့ ရိုးရိုးရေနဲ့ ရေနွေးအနည်းငယ်စပ်ပြီး ယူလာခဲ့လိုက်ရသည်။ပုဝါစအဖြူလေးကို ရေစွတ်ပြီး LiLi လက်လေးတွေကိုရေပတ်တိုက်ပေးနေရင်းနဲ့ဒဏ်ရာဒဏ်ချက်တွေကို မြင်လိုက်ရသည့်အခါ Ruby Jane အော်ငိုပစ်ချင်လာတော့သည်။လက်မောင်းတွေမှာလဲ အညိုအမဲတွေနဲ့ဖြစ်သည့်အပြင် တချို့နေရာတွေဆို ယောင်ကိုင်းလို့နေ၏။မိန်းကလေးတစ်ယောက်ကို ဒီလောက်ထိဖြစ်အောင်လုပ်ကြတာ တော်တော်လေးကို ကြမ်းတမ်းယုတ်မာတဲ့ လူတွေသာဖြစ်မည်။ထောင်ထဲမှာ တစ်သက်လုံးနေရအောင် လုပ်ပစ်မည်ဟု ကြိမ်းဝါးနေမိ၏။

" Honey ဘာလုပ်နေတာလဲ "

ရေပတ်တိုက်ပေးနေတုန်း အိပ်ပျော်နေရာကနေ နိုးလာတဲ့ LiLi က ကျွန်မ မျက်နှာလေးကို လက်ဖဝါးလေးနဲ့လှမ်းကိုင်ရင်း မေးလာသည်။

"ရေပတ်တိုက်ပေးနေတာ ပြီးရင် ဆေးလူးရမယ်နော်"

"Honey လဲ အနားယူဦးလေ။တစ်နေကုန်လုံး တချက်လေးမှမနားရသေးဘူး"

မိမိကိုယ်သာ စိတ်တွေပူပေးနေတဲ့ LiLi ရဲ့ပါးလေးကို လှမ်းကိုင်လိုက်ရသည်။

"LiLi ကိုယ့်ဘေးနားမှာရှိနေရင် အဆင်ပြေတယ်။အနားယူစရာမလိုလောက်အောင် အားတွေပြည့်နေတာ "

ဒဏ်ရာတွေများစွာနဲ့ လက်ချောင်းလေးတွေက ကျွန်မ မျက်နှာပေါ် ထိတွေ့ကာ ကိုင်တွယ်လာပြန်တယ်။

" Honey မျက်နှာလေးချောင်ကျသွားတယ် "

"ဘာမှမဖြစ်ပါဘူး LiLi ရယ်။ဆေးလူးရမယ်နော်။ လာ ထထိုင်လိုက် "

အိပ်ယာပေါ်ကနေ ဆွဲထူပေးလိုက်သည်။

" အကျႌချွတ်လိုက် LiLi "

" ဟင် ဒီတိုင်းလူးလို့မရဘူးလား "

" LiLi စိတ်တိုအောင်မလုပ်စမ်းနဲ့ ချွတ်ဆိုချွတ်"

အသံမြင့်ပြီးပြောလိုက်တော့မှ ငိုမဲ့မဲ့မျက်နှာလေးနဲ့အကျႌကိုချွတ်လိုက်တော့ မြင်လိုက်ရတဲ့ ဒဏ်ရာတွေဟာ ရင်ထဲမချိမဆင့်။ရင်ဘတ်တွေရော ဗိုက်တွေမှာပါ ညိုမဲပြီး ကုတ်ခြစ်ရာတွေဆိုတာ ရစရာမရှိအောင်ပါပဲ။

Dear ruby,back to meWhere stories live. Discover now