" ဟယ်လို "
" miyoon na ငါပါ soeun "
"Aww soeun na မတွေ့တာတောင်ကြာပြီနော်"
Soeun ဆိုသူမှာ ကနေဒါမှာနေခဲ့တုန်းက ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းမလေးဖြစ်သည်။သူက tourist guide တစ်ယောက်ဖြစ်တာမို့ နိုင်ငံအနှံ့ ခရီးသွားနေရတာနဲ့ မတွေ့ဖြစ်တာ ၁နှစ်နီးပါးလောက်ရှိနေပြီဖြစ်၏။
"နင် korea ကိုပြန်သွားတာကို အခုရော နင့် crush ကြီးနဲ့အဆင်ပြေသွားပြီလား "
ပြေဖို့နေနေသာသာ အနားတောင်ကပ်လို့မရတဲ့ ကျွန်မအဖြစ်ကိုသိသွားရင် လှောင်ရယ်လေမလားဘဲ။
"ပြေတော့မှာပါ "
"အေးပါ ငါရှေ့အပတ်ထဲ korea ကို guideအနေနဲ့ လာရမှာ နင့်ဆီလာခဲ့မယ် "
"အေးအေး "
" ဒါနဲ့ နင့်လူကြီး နာမည်ကဘယ်သူ "
" Ruby Jane လေ "
" အခြားနာမည်တွေဘာတွေရှိသေးလား "
" မရှိပါဘူး ဘာလို့လဲ "
"ငါအခု koreaရဲ့တော်ဝင်မျိုးဆက်တွေအကြောင်း လေ့လာနေတာလေ။ tourist guide ဆိုတော့ သိထားသင့်တဲ့အရာတွေရှိလို့။အဲ့မှာနောက်ဆုံးမျိုးဆက်ဖြစ်တဲ့ kim Yoon Soo ဆိုတဲ့ တော်ဝင်မင်းသမီးရဲ့သမီးပုံကိုတွေ့လိုက်တယ်။အဲ့ဒီကလေးမလေးက နင့်လူကြီးနဲ့ တော်တော်ကိုတူတာဟ့။သိပ်တော့မသေချာဘူးနော်။ငါကအထင်ကိုပြောတာ"
" အဲ့ဒီကလေးပုံကို ငါ့ဆီပို့လိုက် "
"အေးအေး ငါပို့ထားလိုက်မယ်။အဲ့တာဆိုဒါပဲနော်။ အလုပ်ရှိသေးလို့ "
" အင်း အင်း "
တော်ဝင်မင်းသမီးရဲ့သမီးဆိုပါလား။အဲ့တာသာ အမှန်ဆိုလို့ကတော့ နင်နဲ့နင့်ချစ်သူ ဝေးဖို့သာ ပြင်ထားပေတော့ Jane ရေ။
....
မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ပထမဆုံးသတိရမိတာက Honey ... ဘေးကနေ ကျွန်မကိုကြည့်နေတဲ့ Honey ရဲ့ကိုယ်ပွားလေး Lily ကိုမြင်တော့ သတိရစိတ်တွေက ထိန်းလို့မရတော့ပါဘူး။
"Lily နိုးနေပြီလား။ နင့် Omma Ruby ဆီဖုန်းဆက်လိုက်ရမလား "
မွေ့ယာပေါ်ကျနေတဲ့ ဖုန်းကို ကောက်ယူလိုက်ပြီး Honey ဆီ ဖုန်းဆက်လိုက်မိတယ်။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...