65 [Ending]

22.8K 1.1K 248
                                    

"Honey  မနက်ဖြန် သွားရမယ့်ခရီးက အရမ်းကြာမှာလားဟင် "

အိမ်ခေါင်မိုးထပ်က ဒန်းလေးပေါ်မှာ ကျွန်မရဲ့ပေါင်ကို ခေါင်းအုံးပြီး မျက်နှာကိုမော့ကြည့်နေတဲ့ ကလေးက စကား စလာတယ်။

"အင်း ကြာလောက်မယ်ထင်တယ်။ဘာလဲ ကလေး လိုက်ချင်လို့လား "

"အင်း Honey နဲ့မခွဲနိုင်ဘူး။ လိုက်ခဲ့မယ်နော် "

တကယ်တော့ တမင် အလုပ်ကိစ္စဆိုပြီး ပြောထားခဲ့တာလေ။မဟုတ်ရင် ကျွန်မအကြံတွေကို ဒီလူလည်မလေးက ရိပ်မိသွားမှာသေချာတယ်။

"ကလေးရဲ့ဆိုင်တွေကရော "

"Honey ကအရေးကြီးတာလေ စိတ်မချပါဘူး။ကျွန်မရဲ့ မိန်းမချောချောလေးကို သူများတွေငေးမှာ"

တခါတလေ ကျွန်မရဲ့ကလေးက အဲ့လိုမျိုးတွေလဲ ကြံဖန်ကာ သဝန်တိုတက်ပါတယ်။

" ကလေးကိုသိပ်ချစ်တယ် "

" LiLi ကပိုချစ်တယ် "

Honey လက်လေးကိုဆုပ်ကိုင်ပြီး နှလုံးသားရှိရာ ဝဲဘက်ရင်ခွင်လေးဆီသို့ ဖိကပ်ထားရင်း အပေါ်စီးကနေ မြင်နေရတဲ့ မျက်နှာလေးကိုသာ ငေးကြည့်နေမိတော့တယ်။ကျွန်မဘဝရဲ့နောက်ဆုံးထွက်သက်အချိန်ထိ ဒီလိုလေးဘဲ Honey ရဲ့ ရင်ခွင်ထဲကနေ ဒီလက်လေးကို မလွှတ်စတမ်း ဆုပ်ကိုင်ထားချင်မိပါတယ်။

...

"ကလေး အဝတ်အစားကိုထူထူလေးဝတ်နော်။အပြင်မှာ နှင်းတွေအရမ်းကျနေတာ။အနွေးထည်အပိုလဲယူခဲ့ "

New York မြေကို ခြေချလိုက်ကတည်းက ကျွန်မ အအေးမိမှာကို အရမ်းစိုးရိမ်နေတဲ့ Honey က အခုလဲ အပြင်ခေါ်သွားစရာရှိလို့ဆိုပြီး အနွေးထည်ကို သုံးလေးထပ်လောက် ဝတ်ခိုင်းထားတယ်လေ။

"LiLi အဖြစ်ကိုလဲ ကြည့်ပါဦး Honey ရယ်။မုန့်ဖက်ထုပ်ကြီးကျနေတာပဲ။လူတောင် မမြင်ရတော့ဘူး အနွေးထည်တွေနဲ့ပိနေလို့ "

တမင်ဝတ်ခိုင်းထားတာ။ကျွန်မ ကလေးလေးကို လူတွေသိသွားမှာ လူတွေကြည့်လာမှာစိုးလို့ အခုလိုမျိုး ဝတ်ခိုင်းခဲ့တာလေ။အူတိုတယ်ဆိုတာကလဲ အဲ့လိုအကြံမျိုးတွေထုတ်တက်ရသေးတယ်။

Dear ruby,back to meDove le storie prendono vita. Scoprilo ora