ပွဲအပြီး နောက်တစ်နေ့ မနက်ရောက်တော့ Ruby Jane တော်တော်နဲ့အိပ်ယာက မထနိုင်။ ညက အပြန်မိုးချူပ်လို့ appaဆီတောင် သွားမတွေ့နိုင်ခဲ့။ အိမ်ပြန်ရောက်တော့လဲ LiLi အကြောင်းတွေကို internet ပေါ်ကနေ ထုံးလိုမွှေ ရေလိုနှောက် ရှာခဲ့မိတာလေ။ သူဘာတွေ ကြိုက်တက်လဲ၊ဘာတွေဝါသနာပါလဲ အစရှိသည်တို့ပေါ့။ အဲ့ဒီအထဲမှာမှ ကျွန်မသဘောအကျဆုံး အချက်လေးကတော့ သူလေးက တခါမှရည်းစားမထားဖူးဘူးဆိုတာပါပဲ။
ဒီထပ်ပိုပြီး ခင်ချင်မိတော့လဲ မလုပ်ဖူးတဲ့ အရာမှန်သမျှလုပ်ရတော့မှာပေါ့။ ကုတင်ဘေးက ဖုန်းကိုလှမ်းယူလိုက်ပြီး Instagram ထဲဝင်ကာ Search bar မှာ နာမည်တစ်ခုကို ရိုက်နှိပ်လိုက်မိတယ်။
ထိုနာမည်မှာ @lalalalisa_m ဆိုတဲ့ acc လေးတစ်ခု။ Privacy မလုပ်ထားတာ ကျွန်မအတွက် ကံကောင်းတယ်ပြောရမယ်။ Fashion Show တုန်းကရိုက်ထားတဲ့ ပုံလေးကို သူက တင်ထားသေးတာ။ မနက်အစောကြီး ကျွန်မကို ပြုံးမိနေစေတဲ့ အကြောင်းအရင်းဟာ LiLi ဆိုတဲ့ ဒီကောင်မလေးကလွဲရင် အခြားရှိမှာမဟုတ်ပါဘူး။ ဘယ်လိုအကြောင်းတွေကြောင့် ခင်တွယ်မိသွားလဲတော့ ကျွန်မကိုယ်တိုင်လဲ နားမလည်နိုင်ခဲ့ဘူး။
အချိန်တိကျတဲ့လူဖြစ်တာမို့ ၁၀မိနစ်ခန့် ဖုန်းသုံးပြီးတာနဲ့ အိပ်ယာပေါ်ကနေထကာ ရေချိုးသန့်စင်ပြီးသည်နှင့် မနက်စာစားရန် အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။ ကျွန်မအတွက်ပုံမှန်ပါပဲ။ တစ်ယောက်တည်းစားခဲ့ရတဲ့ အချိန်တွေက ဘယ်လောက်တောင်များခဲ့လိုက်သလဲ။ Appa ပြောသလို အထီးကျန်တယ်ဆိုတာ ဒါမျိုးပဲနေမှာ။
ကျွန်မက appa နဲ့အတူမနေဘူးလေ။ Company နဲ့ နီးတဲ့နေရာမှာ အိမ်နဲ့ခြံ သပ်သပ်ဝယ်ထားပြီး တစ်ယောက်ထဲပဲနေတယ်။ appa က တစ်ခါတစ်လေ သူ့မိတ်ဆွေတွေနဲ့ ခရီးတွေထွက်လေ့ရှိတော့ appa အိမ်မှာရှိတဲ့အခါမှသာ ပြန်ဖြစ်တာများပါတယ်။
Laptop ကတစ်ဖက် ကော်ဖီခွက်ကို ကျန်လက်တစ်ဖက်ကကိုင်ပြီး မနက်စာစားခြင်းကို အမြန်အပြီးသတ်ကာ အဝတ်အစားလဲပြီး Company သွားရန် ထွက်လာခဲ့လိုက်တော့သည်။ ကားမောင်းနေရင်းနဲ့ လမ်းတစ်နေရာအရောက်မှာ လူတွေ အုံနေတာမြင်တော့ ဘာများဖြစ်လို့လဲဆိုပြီး ကားပေါ်ကနေ လှမ်းကြည့်လိုက်မိတဲ့အချိန်မှာပဲ လူအုံကြီးကြားထဲက ကောင်မလေးတစ်ယောက်ကို မြင်သည့်အခါ စိတ်ထဲ ဇဝေဇဝါနဲ့ စူးစိုက်ကြည့်နေတုန်းမှာပင် LiLi ဖြစ်နေတော့သည်။ ခေါင်းစွပ်လေးကိုစောင်းထားပြီး လက်နဲ့မျက်နှာကို ကွယ်နေရတဲ့ ထိုမြင်ကွင်းကြောင့် Ruby Jane စိတ်ပူသွားရတော့၏။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...