[လမ်းခွဲပြီး သုံးနှစ်နဲ့ငါးလအကြာ]
...
ဒီမှာမိုးတွေရွာနေတယ် Honey.ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်တွေစတင်ခဲ့တဲ့ New York မြို့တော်ဟာ အခုဆိုရင် မိုးစက်မိုးပေါက်လေးတွေနဲ့ အရမ်းကို လွမ်းမောဖွယ် ကောင်းလှတယ်။
Honey နေလို့မှကောင်းရဲ့လားဆိုတာ တွေးကြည့်ရုံနဲ့တင်ကို မိုးစက်တွေနဲ့အတူ မျက်ဝန်းအိမ်ထဲက အရည်ကြည်တွေဟာ အပြိုင်အဆိုင်ကျဆင်းလာခဲ့ရပြန်တယ်။
ကျွန်မလေ ဒီ New York မြို့ကြီးကို တကယ်မလာချင်ခဲ့ဘူး။Honey ရဲ့အငွေ့အသက်တွေကို အနည်းနဲ့အများ ခံစားနိုင်မှာမို့လို့သာ ကမ်းလှမ်းလာတဲ့အလုပ်ကို မျက်စိစုံမှိတ်ပြီး လက်ခံခဲ့ရတာ။
ကျွန်မတို့နှစ်ယောက်ရဲ့ အချစ်တွေအပါအဝင် နှလုံးသားနှစ်စုံ ထပ်တူညီခဲ့ကြတဲ့ ပန်းခြံဘက်ကို ခြေဦးတောင်မလှည့်မိဘူး Honey.ရှင်ပိုင်တဲ့ ကျွန်မ နှလုံးသားက ခံနိုင်ရည်မရှိလို့။
"လွမ်းတယ် Honey ရယ်။အရမ်းကို လွမ်းနေပါတယ် "
မိုးရေစက်တွေဟာ မျက်နှာပေါ် တဖောက်ဖောက် ကျဆင်းလာတော့ မျက်ရည်တွေဟာ လူမသိသူမသိ ပျောက်ကွယ်သွားရပြန်တယ်။
Honey သိလား။ကျွန်မလေ ဒီလိုခံစားချက်မျိုးကို အရမ်းကြိုက်တယ်။ကျွန်မ ငိုတာဘယ်သူမှ မသိနိုင်တော့ဘူးလေ။မိုးရည်စက်တွေက လွဲရင်ပေါ့။
Honey အရင်ကလို ကျန်မာရေးကောင်းလာတယ်ဆိုတာ သိရတော့ ဝမ်းသာမှုက ရင်ထဲတလှိုက်လှိုက်။Honey အရင်ကထက်ပိုပြီး ချောလာတယ်။နာကျင်မှုတွေကများတော့အခုဆိုရင် Honey ရော ကျွန်မပါ ရင့်ကျက်တည်ငြိမ်လာခဲ့ပါပြီ ထင်ပါရဲ့လေ။လူတစ်ယောက်ဟာ တည်ငြိမ်မှုတွေနဲ့အတူ ရင့်ကျက်နေခဲ့ပြီဆိုရင် သူဟာ မပျော်ရွင်မှုတွေကို ဘယ်လောက်ထိတောင် မျိုသိပ်ထားနိုင်သလဲဆိုတာ သိရှိနိုင်ပါတယ်။
Honey ကကျွန်မပြန်အလာကို စောင့်နေဆဲပဲလို့ Chaeyoung ကပြောလာတော့ မျက်ရည်ကျမိသေးတယ်။ကိုယ့်ကိုယ်ကိုယ် မုန်းလွန်းလို့နာကျည်းလွန်းလို့ ကျလာတဲ့မျက်ရည်တွေပါ Honey သေလုနီးပါးဆိုတာ တကယ်ကို သေလုနီးပါးခံစားခဲ့ဖူးတဲ့လူမှသာ သိနိုင်မယ့် ခံစားချက်မျိုးပါ Honey ရယ်။
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...