46 [Love is Pain]

7.9K 591 63
                                    

[L'amour c'est la douleur]
(အချစ်သည် နာကျင်မှုတစ်ခုသာဖြစ်၏။)

...

"Lalisa နင့်ကို ကစားနေမှန်း တကယ်မသိတာလား။ဒါမှမဟုတ် သိရဲ့သားနဲ့ငြိမ်ခံနေတာလား Jane "

ခြံထဲက စားပွဲခုံပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်ရင်း Somi ရဲ့အမေးစကားကိုကြားတော့ ခပ်သဲ့သဲ့လေး ပြုံးလိုက်မိတယ်။

"LiLi ငါ့ကိုခဏတာ စိတ်ကစားလို့ လာပြီး ပတ်သက်တာပဲဖြစ်ဖြစ်၊သူ့ရဲ့ဒဏ်ရာတွေကို အမြန်ကျက်ချင်လို့ လာတာပဲဖြစ်ဖြစ် ငါကျေနပ်ပါတယ်။ဘာဖြစ်လို့လဲသိလား။ဘာကိုမှမမြင်နိုင်အောင် ချစ်နေခဲ့လို့။ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်တဲ့အထိ ချစ်မိသွားပြီမို့ LiLi နဲ့ပက်သတ်ရင် ငါ့နှလုံးသားက မမာကျောနိုင်ဘူး။ ယုတ်စွ အဆုံး ငါ့နှလုံးသားကို တစ်စစီဖြစ်အောင် သေချာလာခွဲတာပဲ ဖြစ်ဖြစ်ကျေနပ်တယ်။ ငါ့အတွက်တော့ LiLi ဆိုတဲ့ ဒီမိန်းကလေးက လှပတဲ့ဝဋ်ကြွေးလေးတစ်ခုပဲ Somi"

Jane ရဲ့အချစ်ကိုတကယ်လေးစားပါတယ်။ကျွန်မနားလည်လိုက်ပါပြီ။အချစ်ဆိုတာဟာ အတင်းလုပ်ယူလို့မရနိုင်မှန်း။သူတို့နှစ်ယောက်ကို ပြန်အဆင်ပြေအောင် အစွမ်းကုန်ကူညီပေးချင်နေတယ်။ကိုယ်ချစ်နေတဲ့သူကို ရင်နာနာနဲ့ သူ့ရဲ့ ချစ်သူဟောင်းဆီပြန်ထည့်ရမှာ သိပ်တော့အဆင်မပြေလှပေမယ့် ကျွန်မ ဝဋ်မလည်ချင်ဘူး။အချစ်ဆိုတဲ့အရာဟာ သိမ်မွေ့လွန်းတယ်။လုယူလို့ရတဲ့အရာလည်း မဟုတ်ဘူး။သူပျော်ရွင်ဖို့သာ အဓိကဆိုတော့ ကျွန်မပဲ ရင်အကွဲခံလိုက်ပါ့မယ်။

"နင်သူ့ဆီပြန်သွားဖို့အတွက် မကြိုးစားတော့ဘူးလား Jane "

ကျွန်မ အမေးကိုကြားတော့ အရှေ့မှာချထားတဲ့ ကော်ဖီခွက်အား လှမ်းယူပြီး တငုံသောက်ကာ သက်ပြင်းရှည်ကြီးတခုကို ချလာပြန်တယ်။

"ဟင့်အင်း ငါဆက်သွယ်လိုက်ရင် ကလေးစိတ်ညစ်သွားမှာ စိတ်ရှုပ်သွားမှာကို မလိုလားဘူး။ သူပျော်နေတာကိုပဲ မြင်ချင်တာ။အဲ့တာ ကလေးပေါ် ထားတဲ့ ငါ့ရဲ့အချစ်ပဲ "

" သူ အခုနင့်ကိုပြန်ဆက်သွယ်တယ်မလား "

"အင်း တခါတလေတော့ message နဲ့ ဆက်သွယ်တယ်။ သူစိတ်ပါရင်ဖုန်းဆက်တယ်။ဒီလောက်ဆိုရင်လဲ ငါကျေနပ်ပါတယ်။ကလေးကိုမှ သိပ်ချစ်လွန်းတဲ့ ငါ့နှလုံးသားက ကျကွဲဖို့လွယ်ကူသလို ပြိုလဲဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။LiLi ဆိုတဲ့ မိန်းကလေးကိုမှ ရွေးပြီးချစ်နေမိတာကို။ ဒီနာကျင်မှုလေးက သိပ်ချစ်ဖို့ကောင်းတယ်နော် "

Dear ruby,back to meWhere stories live. Discover now