55

9.6K 710 84
                                    

[နှစ်နှစ်ခန့်ကြာသော်အခါ]

...

" LiLi ထတော့လေ ကိုးနာရီထိုးနေပြီ "

"Humm Honey ကလဲ ခဏလေးပါ။နောက်ထပ် ငါးမိနစ်ဘဲ ထပ်အိပ်ပါရစေ နော် နော်"

အိပ်ယာကနေ ထအောင် နိုးပါတယ်ဆိုကာမှ ကျွန်မကို ရင်ခွင်ထဲဆွဲထည့်ပြီး စောင်ပုံကြားထဲ ပြန်အိပ်တဲ့ LiLi ရယ်ပါ။ပါးစပ်ကလဲ အိပ်ချင်မူးတူးလေးနဲ့ ပြောချင်ရာတွေ ပြောနေလေရဲ့။

"LiLi ကလဲကွာ။ အဲ့လိုမဆိုးရဘူးလေ။ဒီနေ့ Company မှာပွဲရှိတယ်။ကိုယ်တို့အစောကြီးသွားမှရမှာ ထတော့နော် "

"ညကအိပ်ရေးပျက်တာ ဘယ်သူ့ကြောင့်လဲ ပြော"

ညက ဝိုင်လေးနည်းနည်းသောက်ပြီး အချစ်လွန်မယ် ကြံကာရှိသေးတယ် ဇာတ်လမ်းသွားစမိတာကတော့ ကျွန်မပါ။နောက်ပိုင်း ဦးဆောင်သွားတာကတော့ ကျွန်မရဲ့ကလေးဆိုးလေး LiLi ပေါ့။အခုကျ သူများကိုပဲ အပြစ်ပုံချနေပြန်တယ်လေ။

"ရှင်လေး အပြစ်လဲ ပါပါတယ်နော်။ကိုယ့်ကိုယ်ဘဲ မပြောနဲ့ "

လေသံမာမာလေးနဲ့ ပြောလိုက်တော့ ချက်ချင်းဆိုသလို ငုတ်တုတ်လေးထထိုင်ကာ ကျွန်မကို ကပ်ကာ ချွဲနေလေရဲ့။လူကို အတင်းဖက်ပြီး ပုခုံးပေါ် ခေါင်းလေးစောင်းကာ လည်ပင်းကို တရှုံရှုံနဲ့ နမ်းရင်းဖက်ထားပြန်တယ်။

"Honey ကလည်း LiLi ကချစ်လို့ဟာကို။ဘာလဲ ငြိုငြင်နေတာလား "

"မငြိုငြင်ရက်ပါဘူး ကလေးရယ်။ကိုယ် LiLi ကိုဘယ်လောက်ချစ်လဲသိရဲ့သားနဲ့"

LiLi ရဲ့ ရှုပ်ပွနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ရင်း ပြောလိုက်တော့ ကျွန်မ ပါးလေးကို နမ်းလာပြန်တယ်။

"Honey ကိုဘယ်လောက်ထိတောင် မြတ်နိုးရသလဲဆိုတာ တိုင်းတာလို့တောင် ရနိုင်မယ်မထင်ဘူး "

"ဒီ စကြဝဠာကြီးတစ်ခုလုံးထဲမှာ ကိုယ် LiLi အပေါ် ထားတဲ့အချစ်ထက် ပိုထိုက်တန်တဲ့ ချစ်ခြင်းမျိုးကို LiLi ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ LiLi အပေါ် ကိုယ်ချစ်တဲ့အချစ်မျိုးနဲ့ ဘယ်သူမှ ချစ်ပေးနိုင်မှာ မဟုတ်လို့ "

Dear ruby,back to meWhere stories live. Discover now