" တီးတောင် "
ဧည့်ခန်းထဲ TV ကြည့်နေစဉ် အခန်းတံခါး ဘဲလ်သံကြောင့် Jisoo unnie မှန်းသိလိုက်ရ၍ တံခါးသွားဖွင့်ပေးလိုက်သည်။
"Lisa ya အဆင်ပြေရဲ့လား။မနက်ဖြန် New York သွားမယ့်ကိစ္စကြောင့် အလုပ်တွေရှူပ်နေတာနဲ့ တနေကုန်မလာဖြစ်တာ"
အခန်းထဲဝင်ဝင်ချင်း ကျွန်မအား မျက်နှာငယ်လေးနဲ့အသနားခံနေသော Jisoo unnie ကြောင့် ရယ်ချင်သွားမိသည်။
"unnie ရယ် ခဏထိုင်ပါဦး ပြီးမှပြော။ရေသွားယူပေးမယ် "
ကျွန်မဘဲ နားကြားမှားလေသလား။Lisa ဘဲ ဆေးမှားသောက်မိထားတာလား။တနေကုန်သူ့ဆီမလာဘဲ နေမိရင် တစ်အိမ်လုံးကို ရှူပ်ပွနေအောင် သောင်းကြမ်းထားတက်ပြီး နောက်နေ့အထိ စိတ်ဆိုးမပြေတက်တဲ့သူက အခု စိတ်မဆိုးတဲ့အပြင် ရယ်တောင်ရယ်နေသေးတယ်။ပြီးတော့ ရေတောင် သွားယူပေးမယ်ဆိုတော့ Lisa ဆေးမှားသောက်ထားပြီထင်တယ်။ကြက်သီးတွေထလိုက်တာ။
" ရော့ ရေသောက်လိုက်ဦး "
ကြောက်ကြောက်လန့်လန့်နဲ့ lisa ယူလာတဲ့ ရေကို တုန်နေတဲ့လက်တွေနဲ့ လှမ်းယူပြီး မဝံ့မရဲဖြင့် သောက်ချလိုက်ရသည်။လေပြည်တွေလာနေရင် မုန်တိုင်းဝင်မယ်ဆိုတဲ့ လက္ခဏာဘဲမဟုတ်လား။
"Unnie ဘာလို့ကြောက်နေတာလဲ။ကျွန်မ တခုခုလုပ်မှာစိုးနေတာလား။စိတ်ချပါ unnie ကိုစိတ်လဲမဆိုးဘူး။စိတ်လဲမကောက်ဘူး ဟုတ်ပြီလား "
"Lisa ya နေကောင်းရဲ့လား။ဘာလို့အဲ့လိုကြီး ပြုံးနေတာလဲ ကြောက်စရာကောင်းအောင်။တစ်နေကုန်မလာလို့ စိတ်တိုနေတာမလား "
"မဟုတ်ပါဘူး unnie ရယ်။အလုပ်ကိစ္စတွေကြောင့်ဆိုတာ ကျွန်မ သိပါတယ်။စိတ်ဆိုး စိတ်ကောက်ရအောင် ကလေးလည်း မဟုတ်တော့ဘူးလေ "
ဘုရား ဘုရား သေချာနေပါပြီ။ဒီကောင်မလေးကို ဆေးရုံပြမှရတော့မယ်။
"lisa ya unnie ကိုလန့်အောင်မလုပ်နဲ့နော်။ဒီနေ့ ဘာတွေဖြစ်ခဲ့လို့လဲ "
" ဒီတိုင်း ကိစ္စလေးနဲနဲ ဖြစ်ခဲ့လို့ "
"ဘာဖြစ်ခဲ့လို့လဲ။မဟုတ်မှ အပြင်ခိုးထွက်ပြန်ပြီလား"
YOU ARE READING
Dear ruby,back to me
Fanfictionအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...