49 [Rencontré l'amour à nouveau]

9.7K 735 76
                                    

[Rencontré l'amour à nouveau]
(အချစ်နှင့် နောက်ထပ်တစ်ခါ ထပ်မံတွေ့ဆုံခြင်း)

...

ကားပေါ်က ဆင်းလိုက်တာနဲ့ Camera မီး တဖြတ်ဖြတ်နဲ့ မီးရောင်စုံတွေကြားထဲတွင် ပရိတ်သတ်တွေရဲ့အော်ဟစ်အားပေးသံတွေကို ပြုံးရယ်ကာလက်ပြရင်းနဲ့ ကော်ဇောနီပေါ် လျှောက်လှမ်းလာခဲ့သည်။

ကျွန်မ အောင်မြင်နေပါတယ်။သူ ဖြစ်စေချင်တဲ့အတိုင်း အောင်မြင်နေတဲ့လူတစ်ယောက်အဖြစ်နဲ့ ကျွန်မရပ်တည်နေခဲ့တယ်။လုံလုံခြုံခြုံဝတ်ပါဆိုတဲ့ သူ့ရဲ့စကားကို နားထောင်နေမိပြန်တော့ ဒီနေ့ပွဲကိုလဲ ရိုးရိုးယဉ်ယဉ်ဖြစ်စေမယ့် ဂါဝန်အဖြူလေးနဲ့သာ ပွဲတက်ဖြစ်ခဲ့တယ်။Long-Coat တွေ မကြိုက်တက်တဲ့ ကျွန်မက Honey ကို ထားခဲ့တဲ့နေ့ကစပြီး အမြဲတမ်းဝတ်ဆင်ဖြစ်ခဲ့တယ်။Honey ဖက်ထားပေးတယ်ဆိုတဲ့ အတွေးနဲ့ပေါ့။

ကျွန်မက အအေးမိလွယ်လို့ သူအမြဲဂရုစိုက်ပေးသလို သူ မရှိတဲ့အချိန်တွေမှာလဲ သူ့ကိုယ်စား ကျွန်မကိုယ်ကျွန်မ ဂရုစိုက်ပေးဖြစ်တယ်။Honey စိတ်ချမ်းသာရမယ်ထင်လို့။ဒီပွဲကို သူလာမယ်ဆိုတာ ကျွန်မသိပါတယ်။လူချင်းဝေးနေပေမယ့် နှလုံးသားချင်းနီးနေတော့ အလိုလိုသိနေခဲ့တာ မထူးဆန်းပါဘူးလေ။

ခန်းမထဲ ဝင်လိုက်တာနဲ့ လူတွေအားလုံးရဲ့ အကြည့်တွေဟာ ကျွန်မထံ စုံပုံကျလာတယ်။Honey အပါအဝင်ပေါ့။သူ့ဘေးနားက အဲ့ဒီ Somi ဆိုတဲ့တစ်ယောက်ကို တကယ်ကြည့်မရတာ။အမြဲတမ်း ဘာလို့ အနားမှာရှိနေရတာလဲ။သူကရော ဘာလို့ အဲ့မိန်းမနဲ့ဆို အမြဲလိုလိုပြုံးပျော်နေရတာလဲ။ကျွန်မတကယ် ဒေါသထွက်မိတယ်။

အချစ်တွေကို လူမသိသူမသိ ဟန်ဆောင်မြိုသိပ် ထားရတာဘာကောင်းသလဲဆိုရင် ကျွန်မဟာ အနည်းဆုံးတော့ သူသိပ်မြတ်နိုးတဲ့ ကမ္ဘာတခုကို အနှောက်အယှက်မဖြစ်စေဘူးလေ။

သူနဲ့မလှမ်းမကမ်းမှာ ထိုင်နေရင်း လက်သီးကိုသာ ခပ်တင်းတင်းဆုပ်ထားရင်းနဲ့ ကျဆင်းနေတဲ့မျက်ရည်ဥတွေကို လူတွေမမြင်အောင်သုတ်လိုက်ပြီး သူ့ကိုပဲ ဆက်ကာ ကြည့်နေမိပြန်တယ်။အနီရောင် Off - Shoulder ဂါဝန်လေးနဲ့ အရမ်းကိုလှနေတဲ့ Honey. ဘာလို့များ ဒီလောက်ထိလှရက်နိုင်ရတာလဲကွယ်။ကျွန်မဖြင့် Honey ရဲ့အလှတွေကြောင့် အသက်တောင်ရှူမိရဲ့လားမသိတော့ပါဘူး။

Dear ruby,back to meWhere stories live. Discover now