" LiLi ရဲ့ မန်နေဂျာလား "
"အင်း ဟုတ်တယ်။ဟိုတယ်မှာမရှိလို့တဲ့ အဲ့တာ ဖုန်းဆက်မေးတာ "
" အော် စားပြီးရင် ဘယ်သွားကြမလဲ "
" Ruby သွားချင်တဲ့နေရာသွားလေ "
"LiLi သွားချင်တဲ့ဆီ လိုက်ပို့ပေးမယ်လို့ ကိုယ် ပြောထားတာလေ "
"အာ ဟုတ်သားဘဲ။အဲ့တာဆို လမ်းလျှောက်ရအောင်"
"ဟင် လမ်းလျှောက်မယ်။အပြင်မှာ နှင်းတွေကျနေတာလေ။ အအေးပတ်ပြီး LiLi ဖျားသွားမှာပေါ့ "
LiLi ကတော့ ပြောလိုက်ရင်အဆန်းတွေကြီးပဲ။ဘယ်လိုစိတ်ကူးနဲ့များ နှင်းတွေကြားထဲ လမ်းလျှောက်ချင်ရတာလဲမသိဘူး။တကယ့် ကလေးလိုပဲ။
"နှင်းတွေကြားထဲလမ်းလျှောက်ရတာ အရမ်းပျော်လို့ပါ။ သွားရအောင်နော်။ နော်လို့ "
ကျွန်မအခု အသက်ရှူတွေတောင် မှားပြီထင်ပါတယ်။စားပွဲခုံပေါ် တင်ထားတဲ့ ကျွန်မလက်ကိုကိုင်ပြီး သူ့ပါးလေးနဲ့ ထိကပ်ရင်းနဲ့ ချွဲနေတာလေ။LiLi ရဲ့ ဒီအပြူအမူကြောင့် နှလုံးခုန်သံတွေအစ မူမမှန်ချင်တော့ဘူး။ဒါ ဘယ်လိုခံစားချက်မျိုးလဲ။Ruby Jane တော့ ရူးနေပြီထင်ပါရဲ့။
" အင်းပါ လိုက် လိုက်ပို့ပေးမယ် "
အရေးအကြောင်းဆို စကားတွေက ထစ်ပြီ။ငါဘယ်လိုတွေဖြစ်နေတာပါလိမ့်နော်။
"အဲ့တာဆို လူရှင်းတဲ့နေရာလဲဖြစ်ရမယ်။ပြီးတော့ သစ်ပင်တွေလဲ ရှိရမယ်။အဲ့လိုနေရာမျိုးလိုက်ပို့ပေး။လူများရင် မနေတက်ဘူး စိတ်ရှူပ်လို့ "
လူရှင်းတဲ့နေရာတဲ့လား LiLi ရယ်။ရှင်လေးက ကျွန်မရဲ့သမာဓိအားကို စမ်းသပ်နေတာများလား။ကိုယ်ရေးတဲ့ဇာတ်ကို နိုင်အောင်သာ ဆက်ကပေဦးတော့ Ruby Jane kim ရေ။
"အင်း လိုက်ပို့ပေးမယ်"
ညစာစားပြီး LiLi သွားချင်တဲ့ နေရာကို လိုက်ပို့ရန် ဦးနှောက်ကို အလုပ်ပေးရပြန်သည်။Central Park ထဲက Gapstow Bridge ဆိုရင် ဒီအချိန်ဆို လူရှင်းလောက်သည်။အလုပ်ကိစ္စနဲ့ဒီကိုလာနေကျဆိုတော့ လမ်းတွေကိုအတော်အသင့် ကွျွမ်းကျင်နေပြီမို့ အဆင်ပြေတယ်ပြောရမည်။LiLi ကတော့ ကားပေါ်ကနေ နှင်းတွေ ကျနေတာကိုကြည့်ပြီး သဘောကျနေလေရဲ့။ကြည့်ရတာ နှင်းတွေကို တော်တော်ချစ်ပုံရတယ်။
VOCÊ ESTÁ LENDO
Dear ruby,back to me
Fanficအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...