21

8.5K 631 33
                                    

ကကွက်ထဲ စိတ်နှစ်ထားပေမယ့် စောနက မြင်လိုက်ရတဲ့ မြင်ကွင်းဟာ မျက်လုံးထဲ ထပ်တလဲလဲ ပေါ်လာနေတာကြောင့် လူက မူးလဲချင်သလိုလိုဖြစ်လာရတော့သည်။Jisoo unnie က နားနေခန်းထဲ ခေါ်သွားတာကြောင့် ခဏနားနေတဲ့အချိန် Honey ဆီက ဖုန်းဝင်လာခဲ့တယ်။Honey ဒီကိုလာခဲ့မယ်တဲ့လေ။ကျွန်မ စိတ်ဆိုးမှာကို အရမ်းကြောက်တဲ့ Honey ကျွန်မမျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တက်လွန်းတဲ့ Honey ...

အတိုင်းအဆမရှိတဲ့ ကျွန်မရဲ့အချစ်တွေဟာ Honey ရဲ့အချစ်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ မြူမှုန်လေးလောက်သာ ရှိနိုင်မယ်ထင်ပါတယ်။

...

LiLi တို့ Entertainment ရှေ့ရောက်တော့ ဖုန်းဆက်လိုက်ပြီးJisoo ထွက်လာမှ အတူတူ အထဲဝင်ခဲ့လိုက်ကြသည်။

" Jane ရှင်တို့နှစ်ယောက် ရန်ဖြစ်ထားတာလား "

"အဲ့ကိစ္စက ပြောရမှာရှည်တယ်။ဒီကပြန်ရင် ကျွန်မနဲ့ coffee ဆိုင်ဖြစ်ဖြစ် ခဏလိုက်ခဲ့ပါလား။တိုင်ပင်စရာလေးရှိလို့ "

"အင်း လိုက်ခဲ့မယ်လေ။ဒီအခန်းဘဲ Jane အထဲမှာ Lisa ရှိတယ် ဝင်လိုက်တော့ "

"ကျေးဇူးပါဘဲ jisoo "

"ရပါတယ်ရှင်။ ဒါဆို ကျွန်မသွားလိုက်ဦးမယ်။ပြန်ရင် ဖုန်းဆက်လိုက်လေ။ကျွန်မအရှေ့ကနေ စောင့်နေမယ် "

" ဟုတ်ကဲ့ "

Jisoo ထွက်သွားတော့မှ အခန်းတံခါးကို အသာလေးဖွင့်ပြီး ဝင်ခဲ့လိုက်သည်။ကျွန်မကို ကျောပေးပြီး ထိုင်ခုံလေးပေါ် ထိုင်နေတဲ့ LiLi အနားကိုသွားကာ အနောက်ကနေ ပွေ့ဖက်ထားလိုက်မိ၏။LiLi က ကျွန်မမှန်း သိလို့ထင်ပါတယ်။လည်ပင်းကနေ သိုင်းဖက်ထားတဲ့ ကျွန်မရဲ့ လက်တွေကို ပြန်လှည် ပွေ့ဖက်လာခဲ့တယ်။

" LiLi ကကိုယ်မှန်းသိတယ်ပေါ့ "

"LiLi ကိုရင်ခုန်အောင် လုပ်နိုင်တဲ့သူက ဒီကမ္ဘာပေါ်မှာ Honey တစ်ယောက်ထဲပဲရှိတာလေ"

ထိုင်ခုံလေးကို ကျွန်မဘက် ဆွဲလှည့်လိုက်ပြီး LiLi အရှေ့ကို ဒူးထောက်ချလိုက်မိတယ်။

" Honey  ဘာလုပ်တာလဲ ထပါ "

ရုတ်တရက် ကျွန်မအရှေ့ကို ဒူးထောက်လိုက်တဲ့ Honey ကြောင့် လန့်သွားရတယ်။ပြုံးနေတဲ့ Honey ရဲ့မျက်ဝန်းတွေကြောင့်လည်း စိတ်ထဲ ခံစားချက်တမျိုးက ဖြတ်ပြေးသွားရတယ်။Honey ကကျွန်မကို စိုက်ကြည့်နေရင်းနဲ့ ကုတ်အကျႌထဲကနေ တခုခုကို ထုတ်ယူနေတယ်။

Dear ruby,back to meWhere stories live. Discover now