မနက်လင်းပြီဆိုသည့်အသိနှင့် နဖူးပေါ်ထိတွေ့နေတဲ့ လေနွေးနွေးလေးတွေရဲ့ ရိုက်ခက်နေမှုကြောင့် မျက်ဝန်းအစုံကို ဖြေးဖြေးချင်းဖွင့်ရန် ကြိုးစားလိုက်မိသည်။မျက်စိရှေ့ ပေါ်လာတဲ့ Ruby ရဲ့မျက်နှာချောချောလေးကို ငေးနေရင်းနဲ့ နှစ်လိုဖွယ် ပြုံးလိုက်မိပြန်ပါတယ်။အိပ်ပျော်နေတဲ့ အချိန်မှာတောင် ကျွန်မကိုပြုံးအောင်လုပ်နိုင်တဲ့ Ruby ရယ်ပါ။
ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်တော့ ညကတည်းက အဝတ်အစားကင်းမဲ့နေတဲ့ အထိအတွေ့ကို စောင်အောက်ကနေ ခံစားမိလိုက်ရသည်။အတူတူအိပ်ဖို့ကို ကျွန်မဘက်ကစပြီး ပြောမိသည်အထိ Ruby ကို အဲ့လောက်တောင် ချစ်မိသွားခဲ့တာတဲ့လား။နဖူးလေးကို အသာနမ်းလိုက်ရင်း အိပ်ယာပေါ်မှထရန် ခြုံထားသည့် ဖြူလွလွစောင်ကို လှန်လိုက်တော့ မြင်လိုက်ရတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ရင်ထဲ ငလျင်တခုလှုပ်ခတ်သွားသလို။
"Ruby အရမ်းလှတာပဲ"ဟုညစ်ညမ်းစွာ တွေးလိုက်မိသည့်အခါ ခေါင်းနံပန်းတွေ ကြီးသွားရတော့သည်။
"Ahh shit ငါဘာတွေတွေးနေမိတာလဲ ဒုက္ခပါပဲ"
Ruby မနိုးခင် အမြန်ထကာ ကုတင်ဘေး ပြန့်ကြဲနေတဲ့ အဝတ်အစားတွေကို တခုချင်းစီ လိုက်လံကောက်ယူလိုက်ပြီး ရေချိုးခန်းထဲ အပြေးလေးဝင်ခဲ့လိုက်ရသည်။တော်သေးတယ်။ Ruby မနိုးသေးလို့။မဟုတ်ရင် အရမ်းရှက်နေရမှာ။
" LiLi LiLi "
အပြင်ဘက်ကနေ ကျွန်မနာမည်ကိုအော်ဟစ်ကာ ခေါ်နေတဲ့ Ruby ကြောင့် လူက အထိတ်တလန့် ဖြစ်ရသည်။Bathrobe ကိုအမြန်ဝတ်ပြီး အပြင်ဘက်သို့ အပြေးထွက်ခဲ့လိုက်ရ၏။
"Ruby ဘာဖြစ်လို့လဲ "
အိပ်ယာကနိုးနိုးချင်း LiLi ရဲ့အဝတ်အစားတွေရော LiLi ကိုရော မတွေ့တော့ ကျွန်မမှာ ဆောက်တည်ရာမရ ဖြစ်သွားရသည်။ကျွန်မကိုထားခဲ့ပြီလား။ညကကိစ္စကြောင့် ကျွန်မကိုမုန်းသွားတာလားဆိုတဲ့ အတွေးတွေက အဖန်ဖန်ဝင်လာခဲ့တာလေ။သိပ်ကိုရူးတာပဲနော်။ရေချိုးခန်းထဲက ထွက်လာတဲ့ LiLi ကိုမြင်မှ အသက်ကိုရဲရဲရှူနိုင်တဲ့ ကျွန်မအဖြစ်ပါ။
ŞİMDİ OKUDUĞUN
Dear ruby,back to me
Hayran Kurguအသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တိုးဝင်နေမိတာပါ။ LiLi ကလေ ...ကျွန်မအတွက်တော့ လှပတဲ့ရေစက်လေးတခုဆိုတာသေချာတယ်။ - Jennie Ruby Jane - {13 A...